Chapter 15

3.5K 556 43
                                    

Sမြို့တော်တွင် ဖြစ်သည်။

ချူးရွှမ်တစ်ယောက် ပျောက်ဆုံးနေကာ ကျီထျန်းကျဲ့နဲ့ပါ အဆက်သွယ်ဖြတ်ထားတာ ၁ပါတ်လောက်ရှိပြီ ဖြစ်သည်။

ကျီထျန်းကျဲ့ ရှုပ်ထွေးနေရာက စိုးရိမ်ထိတ်လန့်စပြုလာသည်။ခုဆို ရူးသွားတော့မတက်ပင်။ သူ့ရဲ့နေ့ရက်တွေကို ချူးရွှမ်ကို ရှာဖွေဖို့အတွက်သာ သုံးခဲ့ပြီး ညတွေဆိုလည်း သူအိပ်မပျော်နိုင်ခဲ့။ချူးရွှမ်သည် သူ့ဘဝမှာ ဘယ်တုန်းကမှ ဒီလောက်ကြာအောင် ထွက်သွားခဲ့ဖူးခြင်းမရှိခဲ့။.....ချူးရွှမ် ပြန်ရော လာပါဦးမလား......။

အခုတော့ သူသည် ချူးရွှမ်တစ်ယောက် သူနဲ့ အဆက်ဖြတ်ဖို့ဆုံးဖြတ်ခဲ့တာက ပိုပြီးအဆင်ပြေနေသလားရယ်လို့ တွေးမိလာသည်။သူ ချူးရွှမ်ကို ဘယ်လိုမှကိုဖုန်းဆက်လို့မရခဲ့။ခရီးထွက်နေစဉ်မှာ ဖုန်းပိတ်ထားဖို့ လိုအပ်ရဲ့လား။ချူးရွှမ် တစ်ခုခုနဲ့ထိခိုက်သွားမည်ကို သူတကယ်ပဲ ကြောက်ရွံ့နေမိသည်။

ညစဉ်ညတိုင်းလည်း ချူးရွှမ်ကားတိုက်ခံရသည်ဟူသော အိမ်မက်ဆိုးတွေကိုသူမြင်မက်သည်။ ထိုလူ့ရဲ့အေးစက်ကာ ဖြူလျော်နေသော အလောင်းကို ရင်ခွဲရုံကအအေးခန်းထဲတွင်ထားရှိထားပြီး မိဘတွေသူငယ်ချင်းတွေမရှိပဲ သနားစရာကောင်းစွာဖြင့် ပလက်စတစ်အိတ်ထဲမှာ လဲလျောင်းနေရသည်ဟူသော အိမ်မက်မျိုးပင်။

ယောကျာ်းများဆိုသည်က ထိုသို့သော သတ္တဝါများပင် ဖြစ်၏။သူတို့တစ်ခုခုပိုင်ဆိုင်ထားတုန်းမှာ တန်ဖိုးထားရကောင်းမှန်း မသိကြပဲ ပျောက်ဆုံးသွားမှသာ တစ်ဖြည်းဖြည်း နောင်တရလာတတ်ကြပေသည်။

ကျီထျန်းကျဲ့က သူတို့မိသားစုမှာ တစ်ဦးတည်းသောသားဖြစ်သည်။ သူ့အဖေက စီနီယာစီမံခန့်ခွဲရေးအမှုဆောင်ဖြစ်ကာ သူ့အမေက အိမ်ထောင်ရှင်မပင်ဖြစ်သော်ငြား ပညာရေးကအဆင့်မြင့်မားသူဖြစ်သည်။သူသည် မိသားစုတွင်းမှာ အတန်းဖော်တွေအားရမနာလိုဖြစ်အောင်ပင် နေထိုင်ခဲ့ရ၏။သူ့ဦးလေးအများစုကလည်းအောင်မြင်ကျော်ကြားသောလူများပင်။ပုန်ကန်တော်လှန်သော ဦးလေးတစ်ယောက်မှလွဲလို့ပေါ့။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now