Chapter 4

4.2K 689 36
                                    

Unicode

Translator : NikoSusan
Editor :MalMoRee

ဒါက ချူးရွှမ်အနေနဲ့တစ်စုံတစ်ယောက်နဲ့ Sex လုပ်ဖို့ ဝယ်ယူခဲ့တဲ့ ပထမဆုံးအကြိမ်ပါပင်။

တကယ်တမ်းကျ သူသည် ဘယ်တုန်းကမှယောကျာ်းတွေနှင့် အတွေ့အကြုံရှိခဲ့ဖူးတာမဟုတ်ချေ။

ချူးရွှမ်၏မိသားစုက အလွန်ရှေးရိုးဆန်ကြသည်။သူ့မိဘတွေက အမြဲတမ်း တစ်ယောက်နှင့်တစ်ယောက် အလွန်လေးစားစွာ ဆက်ဆံလေ့ရှိကြသည်။ သူ့မိဘတွေ လူမြင်ကွင်းမှာ ချစ်ကြည်နူးပြနေတာမျိုးကိုလည်း တစ်ခါမျှပင် မမြင်ဖူးခဲ့ရပေ။ ကျောင်းတွင်လည်း ဆရာမတွေက ရှက်ရွံမှုကြောင့် ကျောင်းသူကျောင်းသားတွေကို လိင်ပိုင်းဆိုင်ရာ သိသင့်တာတွေကို သင်ပေးလေ့မရှိပဲ သူတို့ဟာသူတို့သာလေ့လာစေခဲ့သည်။

ချူးရွှမ်ရဲ့ စရိုက်က တစ်သီးတစ်သန့်ဆန်ဆန်နေတတ်တာကြောင့်လည်း သူ့အတန်းဖော်တွေက AVsတွေကြည့်ဖို့ခေါ်တိုင်း ငြင်းဆန်မြဲပင်။ သူတို့တွေ ထိုသို့ မသင့်လျော်တာတွေ လုပ်နေကြတာကိုတောင် မထောက်ခံခဲ့သည့်အပြင် ထိုဗွီဒီယိုတွေကိုကြည့်လိုက်တာနဲ့ သူ့မျက်လုံးတွေ ညစ်ပတ်သွားလိမ့်မည်ဟုပင်ယုံကြည်ထားခဲ့သေးသည်။
(T/N AVsဆိုတာကလူကြီးရုပ်ရှင်ပါ)
အခုအခါ ပြန်တွေးကြည့်လျှင် သူသည် ငယ်စဉ်ထဲက သူ့မိသားစုရဲ့လွှမ်းမိုးမှုတွေကြောင့် ဘုန်းကြီးတစ်ပါးလိုပြုမူခဲ့ပုံရလေသည်။
သူ့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုက အခြားသောယောကျာ်းလေးတွေနဲ့ မတူညီမှန်းတွေ့ရှိသွားသည့်အခါမှာတော့ သူသည် မနှစ်မြို့မှုတွေနဲ့ တစ်ခြားသူများရှေ့တွင် သိမ်ငယ်မှုတို့ကို ခံစားခဲ့ရလေသည်။
သူသည် ဂေးအသိုင်းအဝိုင်းရဲ့ ဖရိုဖရဲရှုပ်ထွေးမှုတွေကို မုန်းခဲ့ပြီးတော့ လိင်ပိုင်းဆိုင်ရာဆက်နွယ်မှုတွေမရှိပါပဲ နဲ့ အလွန်နက်ရှိုင်းကာ ရိုးရှင်းသောအချစ်မျိုးဖြစ်သည့် ပလေတိုးနစ်အချစ်ကိုသာလိုချင်ခဲ့မိသည်။

ယခုအချိန်မှာတော့ သူသည် တစ်ချိန်တုန်းက ဘုန်းကြီးတစ်ပါးလို ပြုမူခဲ့သည့် သူ့ကိုယ်သူသာ လှောင်ရယ်ချင်မိတော့သည်။
သူကဖြင့် သေရတော့မှာပဲ။စည်းမျဉ်းစည်းကမ်းတွေကိုဘာလို့များ စောင့်ထိန်းနေရဦးမှာတုန်း။
သူ့ရဲ့ ဂေးဆိုသည့် ဖြစ်တည်မှုကို အလွယ်တကူလက်ခံခဲ့ပြီး သူ့မိသားစုကိုတောင် ဖွင့်ပြောခဲ့ပေမယ့် ဘယ်ယောကျာ်းနှင့်မျှမအိပ်ခဲ့ဖူးပေ။
သူက ဘယ်လိုဂေးမျိုးပါလိမ့်.....
အင်း။ထားပါတော့လေ။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now