Chapter 36

2.2K 414 26
                                    

Unicode

"ငါတော့ဖြင့် မင်း အပြင် တစ်နေရာရာမှာ သေပြီလို့တောင် ထင်နေတာ"

အခုအချိန်မှာ ချူရွှင့် နားထောင်နိုင်စွမ်း မရှိဆုံးစကားလုံးမှာ "သေခြင်း" ဟူသော စကားလုံးပင်။

ချူရွှင့်မှာ မတိုင်မီက သူ့အဖေထံမှ ကောင်းမွန်သည့် တစ်စုံတစ်ရာဟူသော မျှော်လင့်ချက်ရေးရေးလေးအား ဆုပ်ကိုင်ထားခဲ့တာဖြစ်သည်။ သို့သော်ငြား ဤစကားကို ကြားလိုက်ရသည့်အခါ သူ့နှလုံးသားမှာ အေးစက်သွားတော့၏။

အေးစက်စက် မျက်နှာထားဖြင့် သူက ပြောလိုက်လေသည်။

"ကျွန်တော် ခင်ဗျားကို တွေ့ဖို့ လာခဲ့တာ မဟုတ်ဘူး။ ခင်ဗျားနဲ့လည်း စကားမပြောချင်ဘူး။ ကျွန်တော့အမေနဲ့ ဆွေးနွေးစရာ ကိစ္စရှိလို့ လာခဲ့တာ။"

ဖေဖေချူက ချူရွှင့်စကားများကို အရေးမလုပ်။ သူ့သားကို ဆူပူကြိမ်းမောင်းလာတော့၏။

"ကောင်စုတ်လေး ၊ မင်း က တကယ့်ကို စွမ်းဆောင်နိုင်ပါပေတယ်! ငါ့ကို ဒီလို လေသံမျိုးနဲ့ ပြောရဲသေးတယ်ပေါ့! ဪ အရမ်းတွေ ဩဇာကြီးနေတယ်ပေါ့လေ! အလုပ်ကိုလည်း ထွက်ချင်တိုင်းတွေထွက်ပြီး ခရီးတောင်မှ ကောက်ထွက်လိုက်သေးတယ်! ခရီးထွက်ချင်တိုင်းတွေထွက်ပြီး ဘယ်သွားမယ်ဆိုတာ တစ်ယောက်ယောက်ကို အသိပေးသွားရမယ်ဆိုတာမျိုးကျ မသိတတ်ဘူး!!"

သူ့ဖခင်ရဲ့ ဆူပူပြစ်တင်သံတွေက ချူရွှင့်ကို ပိုလို့သာ ဒေါသထွက်လာစေသည်။ သူက ကြောင်းကျိုးဆင်ခြင်နိုင်စွမ်း မရှိတော့။ နေပါဦး..... သေသေချာချာ တွေးတောကြည့်လျှင်တောင်မှ သူက သူရဲ့မိဘတွေကို အလုပ်ထွက်တဲ့အကြောင်းနဲ့ ခရီးထွက်တဲ့အကြောင်းကို ပြောပြခဲ့ဖူးခြင်း မရှိ။ သူ့အဖေက ဘယ်လိုလုပ် သိသွားရတာလဲ? ချူရွှင့်က သူ့ရှေ့မှ အနှီ လက်ပေါက်ကတ်လှသော လူအိုကြီးကို အော်ဟစ်ပြောဆိုလာတော့သည်။

"ဟိုအရင်တုန်းကကျ ကျွန်တော်တို့ရဲ့ သွေးသားဆက်ဆံရေးကို ဖြတ်တောက်ကြဖို့ ခင်ဗျားပဲ ပြောခဲ့တာ မဟုတ်ဘူးလား! မစ္စတာ ချူရှန်း ၊ ဂုဏ်သိက္ခာရှိလှတဲ့ လူကြီးမင်းက ကျွန်တော့်ကို ဂရုစိုက်ပေး‌ဖို့ ဒုက္ခမပေးဝံ့ပါဘူး! ကျွန်တော် သဘောကျသလို နေမယ်! ကျွန်တော် သွားချင်တဲ့နေရာသွားမယ်! ကျွန်တော်က! အမှီအခိုကင်းတဲ့ အသက်ပြည့်ပြီးသားလူတစ်ယောက်ပါ! ကျွန်တော့်မှာလည်း ကျွန်တော့ဘဝကို ဘယ်လိုနေချင်တယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်!!"

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now