Chapter 25

2.1K 358 10
                                    

Unicode

Translatorhanaindaeyo99

Edited by Me

ဗီလာကနေ မြင်းစီးကွင်းကို ရောက်ဖို့ (၅)မိနစ်သာ မောင်းရသည်။

လင်းယန်ချန့်က အမည်းဆွတ်ဆွတ်မြင်းတစ်ကောင်၊ အဖြူဆွတ်ဆွတ်မြင်းတစ်ကောင်နှင့် အစက်အပြောက်တွေပါသည့် မြင်းနှစ်ကောင်၊ စုစုပေါင်း လေးကောင်ကို မွေးထားသည်။ တစ်ကောင်ချင်းစီတိုင်းဟာ ခံ့ညားပြီး အချိုးအစားကျကာ သန်စွမ်းကျန်းမာသော ခြေတံများရှိသည်။သူတို့အကုန်လုံးမှာ ထူထဲသည့် လည်ဆံမွေးတွေ၊ Elfနတ်သူငယ်တွေလိုမျိုး နားရွက်လေးတွေနှင့် ရွှန်းလက်နေသည့် ဗာဒံစေ့မျက်ဝန်းတို့ ရှိကြ၏။

ချူရွှင့်မှာတော့ ခြေတံတိုတိုတုတ်တုတ်နှင့် အရောင်မှိုင်းမှိုင်း မြင်းလေးတစ်ကောင်ကို ခရီးသွားတုန်းကတစ်ခါသာ စီးဖူးသည်။ ဤမြင်းတွေကို မြင်လိုက်ရချိန်မှာတော့ သူဟိုတုန်းက လှည့်စားခံလိုက်ရသလားတောင် တွေးမိသွားရသည်။ မဟုတ်မှလွဲရော သူ မြင်းအစား မြည်းများ စီးခဲ့ရသလားလေ။

တစ်ကိုယ်လုံးအနက်ရောင်သန်းနေသည့်မြင်း၏လည်ဆံမွေးတွေကို သေချာကျစ်ပြီး ရွှေရောင်ဇက်ကြိုးလည်းတပ်ဆင်ပေးထားတာကြောင့် ကြည့်ရတာ အလွန်တင့်တယ်နေသည်။ ချူရွှင့်က ထိုမြင်းကို ထိချင်ပေမယ့် သူ မရဲ၊ လင်းယန်ချန့်ကို မေးရတော့သည်။

"ဒီမြင်းက ဘာအမျိုးအစားလဲ"

"Frieslandရဲ့ ပုလဲနက်လို့ တင်စားရတဲ့ မြင်းနက်တွေပေါ့။ ခင်ဗျား သူ့ကို သဘောကျလို့လား။ သူ့နာမည်က ဂျေးတဲ့။ အထီးတစ်ကောင်ပဲ"

လင်းယန်ချန့်က မိတ်ဆက်ပေးသည်။

"အကုန်လုံးက လှနေရောပဲ။ ကိုယ် မြင်းတွေအကြောင်း သိပ်မသိဘူး"

ချူရွှင့်က ဆက်ပြောလိုက်သည်။

"မြင်းဖြူလေးလည်း ကြည့်ကောင်းတာပါပဲ"

"သူက Lipizzon အမျိုးအစားလေ။ သူ့နာမည်က ရှယ်လီတဲ့။အမ လေး"

ချူရွှင့် ခေါင်းညိတ်သည်။

" *စိမ့်တောမြေမှ သူရဲကောင်းများ ထဲက *ဆုန့်ကျန်းမှာလည်း နှင်းလိုဖြူစွတ်နေတဲ့ မြင်းတစ်ကောင်ရှိတယ်လေ။ကိုယ် မှတ်မိသလောက်ဆို မဟူရာကျောက်စိမ်းခြင်္သေ့လို့ ခေါ်တာလားပဲ။ ဒီက နိုင်ငံခြားသားတွေကတော့ နာမည်ပေး ညံ့လိုက်ကြတာရော"

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now