Chapter 46

2.2K 445 24
                                    

Unicode

Translator mirae-thu

B မြို့တော်

ထိပ်တန်းကလပ်တစ်ခုတွင်ဖြစ်သည်။

လင်းယန့်ချန် နောက်ကျမှရောက်လာခဲ့သည်။သူprivate roomထဲရောက်သွားချိန်မှာ သူ့ညီအကိုတွေ တော်တော်များများက ဝိုင်းဖွဲ့သောက်ပြီးနေကြပြီဖြစ်သည်။ခံစားချက်တွေကလည်း မြင့်တက်နေခဲ့ကြ၏။

ထိုအရက်သမားတွေ သူ့ကိုမြင်သည့်အချိန်မှာတော့ သူ့ကို ချက်ချင်းဆွဲခေါ်လာကြပြီး ဆူပူကြတော့သည်။

"ဥက္ကဋ္ဌလင်း ဒီလို အလုပ်များတဲ့အချိန်ဇယားတွေရယ် ကိုင်တွယ်ရမဲ့ကိစ္စအများကြီးတွေနဲ့ ငါတို့လို လူဆိုးတွေ စုဝေးတာကိုတောင် မေ့သွားပြီထင်နေတာ။ မင်းလာဖို့ကို သတိရသေးတယ်ပေါ့လေ ဟမ်?"

လင်းယန့်ချန်က လေးသွဲ့သွဲ့ပြုံးပြလိုက်ရင်း။

" ဒီနေ့က လောင်ကျန်ရဲ့ ဂုဏ်ပြုပွဲလေ။ ဘာပဲဖြစ်ဖြစ် ငါလာရမှာပေါ့"

ထိုနေရာတွင် အပြင်လူတွေ မရှိပေ။သူနှင့်တူတူ ကြီးပြင်းလာခဲ့သော ညီအစ်ကို ၇ယောက် ၈ယောက်လောက်သာရှိသည်။ လင်းယန့်ချန် တီးဝိုင်းမှာ တီးခဲ့‌စဥ်အချိန်က အဖွဲ့၏ခေါင်းဆောင်အဆိုတော်မှာ ကျန်ဟုန်ယွီဖြစ်သည်။ ထိုသူငယ်ချင်း(ကျန်ဟုန်ဟွီ)၏ မိသားစုသည် ကံကြမ္မာအလှည့်အပြောင်းကို ခံစားခဲ့ရ၏။ သူတို့ဆင်းရဲသွားရုံသာ မကဘဲ အလွန်များပြားသည့် အကြွေးဝန်ပါ ပိသွားခဲ့ရသည်။သူ(ကျန်ဟုန်ယွီ)ဟာစိတ်ဓါတ်ကျပြီး သူ့ကိုယ်သူမစွန့်လွှတ်ခဲ့ပေမဲ့ သူ့မှာတခြားငွေရှာဖို့နည်းလမ်းလဲမရှိခဲ့ပေ။သူ့မှာ ကောင်းမွန်သည့် လယ်သာ အိတ်တစ်ခုနှင့် အသံကောင်းကောင်းတစ်ခုသာရှိသည်။

အသက် ၁၉နှစ်မှာတော့ သူဟာအနုပညာလောကထဲသို့ တိုးဝင်ခဲ့၏။ထိုအနုပညာလောကထဲတွင် သူကံကောင်းသွားခဲ့သည်။သူ၏အကြွေးတွေကို အပြည့်ဆပ်နိုင်ရုံတင်မကဘဲ အနည်းငယ်ကျော်ကြားလာခဲ့သည်။လွန်ခဲ့သောနှစ်က သူသည် ရုပ်ရှင်ကားကြိုးစားရိုက်ကူးခဲ့ပြီး အသိအမှတ်ပြုခံခဲ့ရလေသည်။ အရင်အပတ်ကလည်း သူဟာနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို သွားခဲ့ပြီး ရုပ်ရှင်ဧကရာဇ်) ဆုကိုပါရရှိခဲ့ပေသည်။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now