Chapter 2

4.6K 699 44
                                    

Unicode

နောက်တစ်နေ့နံနက်တွင် ချူးရွှမ်သည် ကျွမ်းဟန့်ရွှယ်အား ဖုန်းခေါ်လိုက်သည်။

"ဒီနေ့ ကုမ္ပဏီကို အချိန်မှီရောက်အောင်လာခဲ့ပေးဦး"

ကျွမ်းဟန့်ရွယ်သည် သမ်းဝေနေရင်း သဘောတူလိုက်သော်ငြား တစ်နာရီလောက်နောက်ကျပြီးမှ ရောက်လာလေသည်။ ခုံမှာ ထိုင် ထိုင်ချင်းပင် ချူးရွှမ်က သူ့အားလာကြည့်ဖို့ အခန်းထဲ ဝင်လာသည်။

ကျွမ်းဟန့်ရွှယ်က သူတော့အဆူခံရတော့မှာပဲလို့ တွေးမိတာကြောင့် ရဲရဲတင်းတင်းနဲ့ပဲ ပြုံးဖြဲဖြဲလုပ်ပြကာ ရှောင်လွှဲပစ်ဖို့ရာ ကြံစည်နေလိုက်၏။ သို့သော် ချူးရွှမ်က ဘာတစ်ခွန်းမှ မပြောပဲ သေသေသပ်သပ်ခေါက်ထားတဲ့ စာအိတ်ကိုသာ ကျွမ်းဟန့်ရွယ် ထံ ဂရုတစိုက် ကမ်းပေးလိုက်သည်။

ကျွမ်းဟန့်ရွယ်သည် ဘာတွေဖြစ်နေလဲဆိုတာကို နားမလည်ပဲ စာကိုလက်ခံထားလိုက်သည်။ ဖွင့်ကြည့်လိုက်ချိန်မှာ ထိပ်ဆုံးက စာလုံးနှစ်လုံးက သူ့အမြင်ထဲဝင်လာ၏။ ထွက်စာ ဟူသည်က သူ့အား လန့်ဖြန့်သွားစေသည်။

သူသည် ရယ်တောင်မရယ်နိုင်တော့ပဲ အလွန်ထိတ်လန့်သွားရတာကြောင့် ထခုန်မိမတက်ပင်။

ဒါပေါ့။ သူကဘာလို့ သဘောတူရမှာတဲ့လဲ။

"ချူးကော..ကျွန်တော့်ကိုလန့်အောင်မလုပ်ပါနဲ့ဗျာ"

ချူးရွှမ်က ခပ်တည်တည်ပင်ဆိုသည်။

"ကိုယ် တကယ်ပြောနေတာ"

ချူးရွှမ်နဲ့ အလုပ် လုပ်လာသည်မှာ နှစ်ဝက်ကျော်ပြီမို့ ကျွမ်းဟန့်ရွှယ်သည် ချူးရွှမ်ရဲ့ အကျင့်စရိုက်ကို နားလည်နေပြီ ဖြစ်သည်။လုံ့လဝီရိယရှိသည်။ အလွန်စိတ်အားထက်သန်သည်။အလွန်တရာလည်း အလေးအနက်ထားသူမို့ နှုတ်ထွက်စာကို ဟာသတစ်ခုလို လုပ်နေမှာ မဟုတ်ပါချေ။

"ကိုယ် ဒီနေ့အလုပ်လုပ်ဖို့ အစီအစဉ်မရှိဘူး။ ဒီနေ့ပဲ လက်ခံပေးဖို့ တောင်းဆိုချင်တယ်။ ကျေးဇူးပါပဲ"

ချူးရွှမ်က ထပ်ပြောလိုက်သည်။

ကျွမ်းဟန့်ရွှယ်မှာ ဖြစ်ပျက်နေသမျှအရာတွေကို မယုံနိုင်တော့ချေ။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now