Chapter 42

2.2K 419 19
                                    

Unicode

Translator : yuki0143

တစ်ဖက်၌မူ ချူရွှင့်မှာလည်း ရှောင်လင်းအား သွားရှာလိုက်ဖို့ စဉ်းစားခဲ့ပါသေး၏။

သို့တိုင် ရှောင်လင်း၏ ခမ်းနားလှသည့် မိသားစု နောက်ခံအခြေအနေကို စဉ်းစားမိလိုက်တိုင်း သူက မသိနိုင်သည့် ခြိမ်းခြောက်မှုများကြောင့် ကြောက်ရွံ့မိရသည်ပင်။ သည့်အပြင် သူ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့စဉ်က ဆက်နွှယ်နေမှု အလုံးစုံကို ဖြတ်တောက်ပစ်ခဲ့ပြီး သူ့ကို ဆက်သွယ်ရန် အချက်အလက်များဖြစ်စေ နည်းလမ်းများဖြစ်စေ လုံးဝ ချန်ထားမိခဲ့ခြင်း မရှိစေရန် ကြံစည်မိခဲ့ခြင်းဖြစ်သည်။ သူက ရှောင်လင်း၏ ဖုန်းနံပါတ်ကို မမှတ်မိတော့သည့်အပြင် နိုင်ငံခြားသွားတုန်းက သုံးခဲ့သည့် သူ၏ တစ်ခါသုံးဖုန်းလေးကလည်း ပျောက်သွားခဲ့သည်မှာ ကြာလှလေပြီ။

သို့ဖြစ်လေရာ သူက လင်းယန့်ချန်အား ရှာချင်ခဲ့သည် ဆိုလျှင်တောင်မှ သူ လုပ်နိုင်တာဟူ၍ ရှိမနေခဲ့ပေ။

ချူရွှင့်က တစ်နေ့ပြီးတစ်နေ့ တုံ့ဆိုင်းနေခဲ့ရင်းနှင့်ပင် သူ၏ ဝမ်းဗိုက်ကပင် တဖြည်းဖြည်းချင်း ကြီးထွားလို့ လာချေလေပြီ။

ချူရွှင့်အတွက်တော့ ဤသည်က ရှက်ဖွယ်ရာပင်။

အထူးသဖြင့် ရာသီဥတုက ပို၍ ပို၍ ပူနွေးလာသည့်တိုင် ရံဖန်ရံခါ ချူရွှင့် အပြင်ထွက်လေ့ရှိတိုင်း သူ၏ ဗိုက်ပူပူလေးကို ဖုံးကာဖို့အတွက် အဝတ်အစားထူထူတွေဝတ်ဖို့ကို မတတ်နိုင်စွာပဲ ရွေးချယ်ရလေတော့သည်။

သူက ကနဦးကပင် ကလေးမွေးရန် မသင့်တော်သော ယောင်္ကျားတစ်ဦး ဖြစ်သောကြောင့်ပေလား မသိနိုင်သော်လည်း သူ၏ကိုယ်ဝန်လက္ခဏာများမှာ အတော်လေး ပြင်းထန်ဆိုးရွားလှပါ၏။ ပြင်းထန်လှသည်မှာ ဒေါက်တာချန်ပေးလိုက်သော ဆေးများကို သောက်ပြီးခါမှသာ သက်သာလာတော့သည်။

ချူရွှင့်က ထမင်းစားပြီးတာနှင့် အန်ပစ်သည်မှာလည်း နေ့တိုင်းလိုလိုပင်။ အန်ပြီးသည့်နောက်၌လည်း သူက ထပ်မံတိုက်တွန်းစားသောက်ရသေးသည်ပဲဖြစ်ပါ၏။ စားချင်စိတ် တစ်စက်လေးတောင်မှ ရှိမနေသည့်တိုင် သူ့ကလေးကို အာဟာရဖြည့်ပေးဖို့ရန်အတွက် ချူရွှင့်က ကြိတ်မှိတ်ပြီး မြိုချရ‌သည်ပင်။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now