Chapter 61

2K 377 4
                                    

Unicode

Translator : mirae-thu

လင်းယန့်ချန်ဟာ အတိတ်ကသင်ခန်းစာများကိုသင်ယူခဲ့ပြီးပြီဖြစ်သည်မို့ အတွေ့အကြုံတွေကို အကျဉ်းချုပ် သုံးသပ်ကြည့်လိုက်သည်။- ကိစ္စတွေကို သူ မတတ်နိုင်တော့သည့်အချိန်ထိ ဖုံးကွယ်ကာ အချိန်ဆွဲထားမည့်အစား မည်သည့်အထင်လွဲမှားမှုမျိုးမှ မဖြစ်စေရန်အရိုးသားဆုံး ရှင်းပြတာကပိုကောင်းပေလိမ့်မည်ပင်။

နောက်ဆုံးလေဆိပ်က အဖြစ်အပျက်ကတော့ စိတ်မချမ်းမြေ့စရာကောင်းသည့် ဥပမာတစ်ခုပင်ဖြစ်သည်။

သူ ထို့အ‌ကြောင်းမှအစပြုပြီး သူ့ကိုယ်သူပြောင်းလဲခဲ့ပါ၏။

ချူရွှင့်သည် ကောလဟာလတွေကြားမိသော်လည်း ထိုစကားက ဥက္ကဋ္ဌရှောင်လင်းက်ုယ်တိုင် ဖွင့်ပြောတာပင် ဖြစ်ချေသည်။

လင်းယန့်ချန်က ခါးခါးသီးသီးပင် မကျေမနပ်တိုင်ကြားတော့သည်။

"... အစောင့်တွေအနားမှာမထားမိတာရော နိုးနိုးကြားကြားမနေမိတာရော၊  ဓါတ်ပုံခိုးရိုက်တာ ခံခဲ့ရတာရော ကျွန်တော့်အပြစ်တွေပါ။ အဲ့အမျိုးသမီးက ဒီမနက်ကတောင် ကျွန်တော့်အတွင်းရေးမှူးကို တိတ်တိတ်လေး ဖုန်းဆက်ပြီးတော့ သူက မတော်တဆ ကျွန်တော့်ကို ပါဝင်ပတ်သတ်စေမိသွားလို့ တောင်းပန်ပါတယ်ဆိုပြီး မျက်ရည်ချူလိုက်သေးတယ်။ကျွန်တော် တစ်စုံတစ်ယောက်ကို မေးကြည့်တော့ သတင်းအေဂျင်စီကပြောတယ် အဲ့သတင်းပေါက်အောင်တင်ခိုင်းတာက အဲ့အမျိုးသမီးရဲ့အဖွဲ့ကတဲ့။သူတို့ကိုမယုံဖို့နဲ့ ကောလဟာလတွေကို ပြန်ငြင်းဖို့ ကျွန်တော် PR teamကို ပြောပြီးသွားပြီ။"

သူဟာ ထိုအမျိုးသမီးငွေကြယ်ပွင့်၏ ကြော်ငြာတွေ၊ ထောက်ခံချက်တွေနှင့် ရုပ်ရှင်သဘောတူစာချုပ်တွေကိုလည်း ဖျက်သိမ်းခိုင်းလိုက်ပြီ ဖြစ်သည်။သူမအား အနည်းဆုံး တစ်နှစ်လောက်ထိ လူထုမြင်ကွင်းထဲ ပေါ်မလာဖို့ သူမကုမ္ပဏီကိုလည်း သတိပေးထားခဲ့ပြီးချေပြီ။သို့သော်လည်း ဤကိစ္စတွေကို ချူရွှင့်အား ပြောပြဖို့ မသင့်တော်သလိုထင်ရကာ အခန့်မသင့်လျှင် သူ့အား ရက်စက်၍ ထင်ရာစိုင်းတတ်သူနှယ် မြင်သွားပေလေရော့မည်။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Unde poveștirile trăiesc. Descoperă acum