Chapter 3

4.2K 667 39
                                    

Unicode

ထိုခဏမှာ ချူးရွှမ်သည် လွန်ခဲ့တဲ့နှစ်များစွာက ငယ်ရွယ်တဲ့ ကျီထျန်းကျဲ့ကို ပြန်တွေ့လိုက်ရသလိုပါပင်။ ထိုစဉ်က ကျီထျန်းကျဲ့က တံခါးဝမှာ အမြဲရပ်ကာ စကားဆိုခဲ့ဖူး၏။

"ရှောင်ရွှမ်...အိမ်ပြန်ကြစို့" ဟူ၍။

ချူးရွှမ်သည် မနေ့ကသူတွေ့ခဲ့သော အထက်တန်းကျောင်းသူ/သားတွေကို ပြန်အမှတ်ရမိသွားသည်။ ပူပင်ကြောင့်ကြမဲ့လှတဲ့ လူငယ်လေးတွေက ကြည်လင်ဖြူစင်နေကြသည်မှာ ပထမဆုံးကျဆင်းတဲ့ နှင်းစက်တို့အလား။

သူလည်း တစ်ချိန်က ထိုကဲ့သို့ ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မည်။ကျီထျန်းကျဲ့ထံ ပေးအပ်ထားသော သူ့နှလုံးသားလေးကတော့ နည်းလမ်းပေါင်းများစွာနဲ့ နင်းခြေခံခဲ့ရပြီမို့ ညစ်ပတ်နေခဲ့ပြီ။

ထို့အပြင် ကျီထျန်းကျဲ့ကလည်း ပြောင်းလဲသွားခဲ့ပြီ။ သူသည် ကောက်ကျစ်ဥာဏ်များပြီးတော့ ရွှံရှာမုန်းတီးစရာ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ချူးရွှမ်သည် တစ်စုံတစ်ရာကို ဆုံးရှုံးသွားလိုက်ရသလိုပင်။ ဒီလိုလူကိုများ သူက ချစ်မိခဲ့သတဲ့လား။တစ်ကိုယ်ကောင်းဆန်ပြီး မကြင်နာတတ်တဲ့သူကိုလေ။ သူ့မှာတော့ ကျီထျန်းကျဲ့ကို ချစ်လွန်းလို့ သူ့ရဲ့ငယ်ရွယ်နုပျိုမှုအားလုံးကိုပေးထားပြီးတော့ ဘာတစ်ခုကိုမှ ပြန်မျှော်လင့်ခဲ့ဖူးတာမဟုတ်။

ဒီကမ္ဘာပေါ်မှာ သူ့ထက် ထုံအတဲ့သူ တကယ်ပဲ ရှိပါဦးမလား။

*********

ကျွမ်းဟန့်ရွှယ်ကတော့ ချူးရွှမ်ရဲ့ အတွင်းရေးအကြောင်းကို အရင်က နည်းနည်းတော့ ကြားဖူးခဲ့သည်။ ရုံးတွင်းမှာ ကြားရတဲ့ ကောလဟာလတွေကတော့ ကြားရခဲလှသည့် အကြောင်းအရာများပါပင်။

အသက်သုံးဆယ်နားနီးနေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ သီးသန့်ဘဝက ဘယ်လိုလုပ် သန့်ရှင်းနေမှာတဲ့လဲ။ သူက မိန်းကလေးတွေကိုလည်း တစ်ယောက်မှ မထိခဲ့ဖူးဘူးတဲ့။ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တွေက သူ့အပေါ် စိတ်ဝင်စားမှု ပြနေတဲ့အချိန်တွေမှာတောင် တုပ်တုပ်မလှုပ်ခဲ့ဘူးလေ။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now