Chapter 19

2.5K 545 25
                                    

Unicode

ချူးရွှမ်က လင်းယန့်ချန်အနားသို့ ပြုံးစိစိသွားလိုက်ရင်း မေးလိုက်သည်။

"ရှောင်လင်း မင်းအဆင်ပြေရဲ့လား။ လက်ကမ်းပေးရဦးမလား။ပြောတော့ဖြင့် မင်းပဲကိုယ့်ကိုနှင်းလျောစီးတာသင်ပေးမလို့ဆို"

လင်းယန့်ချန်ကသူ့ဟာသူထရပ်သည်။ သူ့အဝတ်အစားတွေက နှင်းတွေဖုံးလွှမ်းနေကာ သုန်သုန်မှုန်မှုန်ဆိုလာသည်။

"ခင်ဗျားက နှင်းလျောစီးတာကျွမ်းကျင်တယ်ဆိုတာကို ဘာလို့ကျွန်တော့်ကို မပြောရတာလဲ"

ချူးရွှမ်သည် မကျေမနပ်အကြည့်များပစ်လွှတ်နေသည့် လင်းယန့်ချန်ကြောင့် အူမြူးလာ၏။

"မင်းကို ဘယ်သူက တော်ချင်ယောင်ဆောင်ခိုင်းလို့တုန်း"

"ကျွန်တော်လည်း ဟန်ဆောင်ချင်တာမှမဟုတ်ပဲ။ ခင်ဗျားလုပ်ခဲ့တာတွေပဲ ပြန်တွေးကြည့်ပါဦး။ ကျွန်တော်က လိုအပ်တဲ့ပစ္စည်းတစ်ချို့တစ်လေလောက်ပဲ ကြိုပြင်ဆင်ပေးထားတာကို ခင်ဗျားပဲ ကျွန်တော်က လက်ဖျားခါရလောက်တယ်လို့ အထင်တွေမှားတွေးနေခဲ့တာလေ။ဒီတော့ ကျွန်တော်က...တကယ်တမ်းကျ နှင်းလျောစီးတာကိုမသိပါဘူးလို့ဘယ်လိုပြောထွက်တော့မှာတဲ့လဲ"

သူတို့နှစ်ဦးလုံးဟာ ယောကျာ်းသားများပင်ဖြစ်သည်မို့ ချူးရွှမ် သူ့ကိုနားလည်နိုင်ပါ၏။

ယောကျာ်းတွေအတွက် အရေးကြီးဆုံးက ဘာဖြစ်နိုင်မလဲ။ ဂုဏ်သိက္ခာပဲပေါ့!။

ချူးရွှမ်က လင်းယန့်ချန်ကိုအမြန်ချော့ကာ စကားဆိုသည်။

"ဟုတ်ပြီ ဟုတ်ပြီ ကိုယ်မှားတာပါ။ဒါတွေက ကိုယ့်အမှားပါ။ တကယ်တော့ ကိုယ်လည်း သိပ်အစီးတတ်ကြီးမဟုတ်ပါဘူးကွာ။ တော်တော်ကြီး သဘောတကျဖြစ်ရုံလောက်ပါ"

ချူးရွှမ်က လင်းယန့်ချန်ကိုယ်ပေါ်က နှင်းတို့ကို ပုတ်ခါပေးရင်း ဆက်ပြောသည်။

"နှင်းလျောဘယ်လိုစီးရမလဲကို မသိလည်း အဆင်ပြေပါတယ်။ ကိုယ်သင်ပေးမယ်လေ"

လင်းယန့်ချန်က ခေါင်းညိတ်ပြသည်။ ချူးရွှမ်၏ ချော့မော့မှုအပြီးမှာ စိတ်ဆိုးခြင်းတွေ မရှိတော့ပါပေ။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now