Chapter 48

2K 417 17
                                    

Unicode

Translator mirae-thu


ချူရွှင့်အတွက်တော့ အလုပ်ကိုပြန်သွားရခြင်း လက်တွေ့ဘဝထဲသို့ တရားဝင်ပြန်သွားရသလိုပင်ဖြစ်၏။

ခေါင်းကြောမာနေ၍လည်းမဖြစ်တော့ပါပေ။

အရင်ကတော့ သူသေတော့မယ်ဟု ထင်ထားခဲ့သည့်အတွက် သူ့ကိုယ်သူလွှတ်ချကာ တစ်‌လောကလုံးကို လက်ခလယ်‌ထောင်ပြဖို့ လုပ်ခဲ့တာဖြစ်သည်။ယခုတော့အခြေအနေတွေက ပြောင်းလဲသွားခဲ့ချေလေပြီ။သူ၏အနာဂတ်ဘဝက အကြာကြီးဖြတ်သန်းရအုံးမှာဖြစ်၏။သူ့ကလေးကို ပြုစု‌ပျိုး‌ထောင်ရဦးမည်ဖြစ်ပြီး သူ့မိဘကိုလဲထောက်ပံ့ရဦးမည်ဖြစ်သည်။သူ ဘယ်လိုလုပ်ပြီး မဆင်မခြင်လုပ်လို့ဖြစ်တော့မည်နည်း။

ယင်းကလူ့ဘဝပါပင်။

သူ သူရဲဘောကြောင်သလိုဖြစ်လာသည်ဟု ခံစားလိုက်ရပေမဲ့လည်း ပြောင်းလဲမှုတချို့တော့ ရှိပေသည်။

သူသေရတော့မည်ဟု ထင်ခဲ့စဥ်တုန်းကတော့ ချူရွှင့်ဟာ သူမတောင့်ခံနိုင်သည့်ကိစ္စတွေဆို သူတောင့်ခံမနေသင့်ဘူးဟု ခံစားခဲ့မိသည်။ ကမ္ဘာပေါ်တွင် လူ့သက်တမ်းဟူသည် အလွန်တိုတောင်းသော ဆယ်စုနှစ်တစ်ခုစာသာဖြစ်ပြီး သူသည်လည်း ဆန္ဒရှိသည့်အတိုင်းအမှန်တကယ် လွတ်လပ်စွာနေထိုင်နိုင်ခဲ့သည်။ သို့သော်လည်း ယင်းက သူစိုးရိမ်ကြောင့်ကြမှုမရှိဘဲ အရာအားလုံးကိုကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တယ်လို့ မဆိုလိုပေ။

သူ့ဗိုက်ထဲမှာ ကလေးရှိနေချိန်ဝယ် သူ့အနေဖြင့်သန္ဓေသားကို ပြုစုစောင့်ရှောက်ရသည်မှာလဲ အရမ်းခြေကုန်လက်ပန်းကျခဲ့ရ၏။မွေးဖွားပြီးသည့်နောက်မှာလဲ ကလေးဟာ မကျန်းမာခဲ့။ကျိုးကျိုးအတွက် စိုးရိမ်ရသည့်အချိန်ကို ဖြတ်ကျော်ပြီးပြီဟု မဆုံးဖြတ်ရသေးသည့်အထိ ၇လ ၈လောက် သူအချိန်ယူပြီး ပြုစုစောင့်ရှောက်ခဲ့ရသည်။

ယခုတော့ဖြင့် သူ လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်ပြီ ဖြစ်သည်။ထို့အပြင်ကို သူအခု လင်းယန့်ချန်ကို ရှာဖို့အချိန်ပါရှိလာခဲ့ချေသည်။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now