Chapter 41

2.3K 405 19
                                    

Zawgyi

Translator : yuki0143

လင်းယန့်ချန်က ချူရွှင့်၏ တိုက်ခန်းကို ရှာတွေ့သွားခဲ့ပြီး ပစ္စည်းထိန်းသိမ်းရေး မန်နေဂျာ၊ တိုက်ခန်းလုံခြုံရေး တာဝန်ရှိသူတို့နှင့် ချူရွှင့်၏ အိမ်နီးနားချင်းများကို ချူရွှင့်၏ သတင်းတစ်ချို့တစ်လေများ သိလိုသိငြား မေးမြန်းကြည့်ခဲ့ပါ၏။

ဒီတိုက်ခန်းပိုင်ရှင်မှာ တကယ့်ကိုပဲ သင်္ကာမကင်းဖြစ်စရာ ကိစ္စတော်တော်များများ ရှိနေတာပဲဟု ပစ္စည်းထိန်းသိမ်းရေး မန်နေဂျာခမျာ တွေးမိရလေသည်။

ကြည့်လေ.....ဘာလို့ သူ့ကို လာရှာတဲ့သူ တစ်ယောက်ယောက်က အမြဲရှိနေရတာလဲ?

မတိုင်မီက သူတို့ကို လှည့်စားပြီး အခန်းတံခါးဖွင့်ရအောင် လုပ်ခဲ့သည့် အရူးတစ်ယောက်ရှိခဲ့ဖူးသည်ဆိုသော အချက်နှင့်ပင် ပစ္စည်းထိန်းသိမ်းရေး မန်နေဂျာက ဒီတစ်ခေါက်တော့ အတော်လေးပိုပြီး သတိထားနေလေသည်။ ထို့ကြောင့် အစ၌ သူ့ပါးစပ်ကို ပိတ်ထားပြီး မေးသမျှကို ဘူးခံငြင်းပါ‌တော့၏။

အနှီပြဿနာကို လင်းယန့်ချန်က လွယ်လွယ်ပဲ ဖြေရှင်းလိုက်ပေသည်။

သူက စာအိတ်အနီလေး ထိုးပေးလိုက်တာနှင့်တစ်ဖက်လူက အင်တင်တင်ဖြင့် မေးခွန်းတစ်ချို့‌တလေ ဖြေဖို့ စိတ်ပါလာခဲ့လေ၏။

"သူ ဒီကို တစ်ခါတော့ ပြန်လာဖူးတယ်"

လင်းယန့်ချန်က ဆက်လက်‌ မေးမြန်းလိုက်သည်။

"ဘယ်ရက်လောက်တုန်းကလဲ?"

ပစ္စည်းထိန်းသိမ်းရေး မန်နေဂျာက ပြန်ဖြေလာပါ၏။

"နှစ်သစ်ကူးပြီး နှစ်ရက်မြောက်နေ့လား သုံးရက်မြောက်နေ့လားပဲ သူပြန်လာပြီး တစ်‌ရက်လောက်နေပြီးတော့ ပြန်ထွက်သွားတာပဲဗျ။"

အချိန်က ကိုက်ညီမှုရှိနေသည်။ ထို့နောက် လင်းယန့်ချန်က ထပ်၍ မေးလိုက်၏။

"ပြီးတော့ အဲ့ဒီ့နောက်ပိုင်းကရော? သူ ဘယ်သွားတာတဲ့လဲ?"

"အာ...မသိဘူးဗျ"

တစ်ဖက်လူက ပြန်ဖြေရင်း ရုတ်တရက် တစ်ခြားတစ်စုံတစ်ရာကို မှတ်မိသွားသည့်ပုံပင်။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now