Chapter 40

2.7K 433 10
                                    

Unicode

Translator : yuki0143

လင်းယန့်ချန်က ချက်ချင်းပဲ တရုတ်ပြည်သို့ အမြန်ပြန်သွားခဲ့ခြင်းပဲ ဖြစ်သည်။

'ချူရွှင့်' ဆိုသည့် နာမည်လေးအပြင် သူသိတာဆိုလို့ ဘာဆိုဘာမှပင် ရှိမနေခဲ့‌။ ချူရွှင့်၏ဖုန်းနံပါတ်က အမည်မဖော်ပြထားသည့်တစ်ကြိမ်သုံး ဖုန်းနံပါတ်ဖြစ်ပြီး ပြည်ပဖုန်းနံပါတ်လည်းဖြစ်လေရာ သူ့ကို နှုတ်ဆက်စကားပင် မပြောဘဲ တိတ်တိတ်ကလေး ထားသွားခဲ့ချိန်ကစ၍ ဆက်သွယ်လို့မရနိုင်တော့။

ကီလိုမီတာပေါင်း ၉.၆၃ သန်း လောက် ရှိသည့် ကုန်းမြေကြီးပေါ်မှာရှိတဲ့ တစ်ဘီလီယံထက်ပိုနိုင်လောက်သည့် လူပေါင်းများစွာကြားထဲမှာ ချူးရွှင့်ကို ရှာဖို့ ကြိုးစားရတာက ကောက်ရိုးပုံထဲက အပ်ကို ရှာနေသည့်အလားပင် ဖြစ်ပေသည်။

လင်း‌ယန့်ချန်က ချူရွှင့်ကို ရှာဖို့ရန် အမျိုးမျိုးသောအဆက်အသွယ်တွေကို သုံးပြီး သူ့မှာ ရှိသမျှ အင်အားအကုန်သုံး၍ ရှာဖွေခဲ့တာဖြစ်သော်လည်း ထိုလူ၏ အရိပ်လေးကိုပင် မြင်ခွင့်မရသေးရာ သူပါ အမှောင်ထဲသို့ ပျောက်ဆုံးသွားသည့်အလား။

အဆုံးသတ်ကျ တရုတ်ပြည်က သူ ရင်းနှီးသည့် ပတ်ဝန်းကျင်မှ မဟုတ်သည်ပဲလေ။

လင်းယန့်ချန်က သူ့မျက်လုံးတွေကို မှိတ်လိုက်တာနှင့် ခဏချင်းမှာ အတွေး‌ထဲပေါ်လာတာက သူ မသိနိုင်သည့် တစ်နေရာရာမှာ ရှိနေသည့် ချူရွှင့်ကိုပဲ ဖြစ်သည်။ သူ့အတွေးထဲမှာတော့ အဲ့ဒီလူက တစ်ယောက်တည်း ‌တိတ်တိတ်ကလေး ဝေဒနာတွေကို ကြိတ်ခံစားနေပြီး သေခြင်းတရားကို စောင့်မျှော်နေလေသည်။

လင်းယန့်ချန်၏ နှလုံးသားက ညှင်းပန်းနှိပ်စက်ခံရဖို့အတွက် တမင်သက်သက် မီးဖိုထဲပစ်ထည့်ခံထားရသည့်အလား တဆစ်ဆစ် နာကျင်နေလျက်။ ချူရွှင့်ကို ရှာမတွေ့သ၍ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပေ။

သူ ချူရွှင့်ကို အမြန်ရှာတွေ့ချင်လှပြီ ဖြစ်သည်။

ယခုလို ဗျာပါဒ ဖိအားများအောက်၌ လင်းယန့်ချန်က သူ့ပါးပါးထံမှ ဖုန်းကောလ် တစ်ခုကို လက်ခံရရှိလေသည်။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now