Chapter 6

3.9K 635 26
                                    

Unicode

Translator : NikoSusan

Edited by Malmoree

နှစ်ရက်လောက် အတူတူ အပြင်ထွက် ပျော်ပါးကစားပြီးကြတဲ့နောက်မှာတော့နှစ်ယောက်စလုံးသေလောက်အောင်ပင်ပန်းသွားခဲ့ပြီ ဖြစ်သည်။

ချူးရွှမ်သည် Skydivingကပြန်လာပြီး အိပ်ယာနဲ့ခေါင်းနဲ့ထိသည်နှင့် အိပ်မောကျသွားခဲ့လေသည်။

ချူးရွှမ်တစ်ယောက် နှစ်ခြိုက်စွာကောင်းကောင်းအိပ်မပျော်ခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်သည်။လူသားတွေက တကယ်ကိုထူးဆန်းတဲ့သတ္တဝါတွေပါပင်။ငယ်ရွယ်စဉ်ကတော့ အပူအပင်ကင်းခဲ့ပြီး စောစောအိပ်လို့ရရဲ့သားနှင့် ငယ်ရွယ်မှုတွေကိုဘေးဖယ်ပြီး နောက်ကျမှအိပ်ဖို့ကိုပဲရွေးချယ်ခဲ့ကြသည်။ အသက်ကြီးလာသည်နှင့်အမျှ ဘဝ၏အခက်အခဲများက နှလုံးသားထဲအထိစိုက်ဝင်လာပြီးပူပန်မှုတွေ များပြားလာကာ အကျိုးဆက်အနေနဲ့ အိပ်လို့မရနိုင်တော့ခြင်းပါပေ။

များစွာသောအလုပ်တာဝန်တွေ၊မျှော်လင့်ချက်မဲ့တဲ့တစ်ဖက်သက်အချစ်တွေ၊မိသားစုနဲ့ပျက်စီးနေတဲ့ဆက်ဆံရေးတွေနဲ့အထီးကျန်တဲ့ဘဝမှာ သူဟာပင်ပန်းတာထက်ကိုပိုခဲ့သည်။အချိန်များစွာကြာသည့်တိုင် သူဟာ အိပ်မပျော်နိုင်ခဲ့တာကြောင့် မတတ်နိုင်စွာပင် ဆရာဝန်ဆီမှစိတ်ပင်ပန်းမှုကိုလျော့ကျစေသည့်ဆေးများယူခဲ့ရသည်။

ဆရာဝန်ကတော့ ဆိုသည်။ သူ၏ဖျားနာမှုက သူ့ရဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုပုံစံနဲ့ စိတ်အခြေအနေမကောင်းမှုတွေနဲ့ ဆက်စပ်နေသည်ဟူ၍။

အချိန်တွေ အကြာကြီးမပျော်မရွှင်ဖြစ်နေခဲ့တဲ့ လူတစ်ယောက်ဟာ ဘယ်လိုလုပ်မဖျားနာပဲနေနိုင်မှာတဲ့လဲ။

အခုသေဆုံးခါနီးအချိန်မှသာ လက်တွေ့အဖြစ်မှန်ကိုလက်ခံနိုင်ပြီး ကောင်းကောင်းအိပ်ပျော်နိုင်တော့သည်။

ချူးရွှမ်အနေနဲ့ လင်းယန့်ချန်ကိုဖက်လုံးကောင်းလေးတစ်လုံးဖြစ်ပေးလို့လည်း ကျေးဇူးတင်သင့်ပေသည်။

သူသည်အအေးဒဏ်လုံးဝမခံနိုင်ချေ။အပူအိုက်ဆုံးနွေရောသီမှာတောင် သူ့ရဲ့လက်တွေခြေတွေက အေးနေတတ်သည်။ဆောင်းရာသီကတော့ အေးခဲနေလောက်အောင်ချမ်းသောရာသီဖြစ်သည်။ ထိုအချိန်မျိုးဆို သူက အနွေးဓာတ်ရအောင် မီးလင်းဖိုတစ်လုံးကဲ့သို့ ပူနွေးလှတဲ့ လင်းယန့်ချန်ရဲ့ ခန္ဓာကိုယ်ကို စောင်အောက်မှာဖက်ထားလိုက်သည်ပင်။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ