Chapter 35

2.2K 383 5
                                    

Unicode

Translator : ********

ချူရွှင့်က လေယာဉ်ပေါ်မှ ဆင်းလိုက်ပြီး မြေ‌ပြင်ပေါ်သို့ ခြေချလိုက်လေသည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည်က အိမ်မက်ကဲ့သို့ ခံစားနေရဆဲပင်။

ဤသည်က ကောင်းကင်ဗိမာန်မှ အဆုံးမတော့ မိမိနေရပ် ကမ္ဘာမြေသို့ ‌ပြန်လည်ရောက်ရှိလာရသည့်အလား။

သူ့ အတွက်တော့ ကုန်လွန်ခဲ့သော ဒီတစ်လက ကြည်နူးအံ့ချီးဖွယ် အိမ်မက်တစ်ခုလို ဖြစ်ခဲ့ပါ၏။ သို့တိုင် ယခုတော့ သူ နိုးထလာခဲ့ချေပြီ။

ချူရွှင့်က မိမိပိုင်ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီးနောက် အိမ်သို့ ကားမောင်းကာ ပြန်လာလိုက်သည်။

တိုက်ခန်း၏ ဂိတ်ပေါက်ဝသို့ ရောက်သောအခါ လုံခြုံရေးအစောင့်က သူ့ကို ပြောလာ‌လေသည်။

"မစ္စတာ ချူ ၊  ခရီးထွက်သွားတုန်းက ခင်ဗျား အမှိုက်ပစ်ဖို့ မေ့သွားခဲ့တယ်ဗျ။ အမှိုက်အိတ်ထဲမှာ အကုန်လုံးက ပုပ်ပွပြီး အနံ့တွေ‌ထွက်နေတာ။ ပြီးတော့ တစ်ယောက်ယောက်ကလည်း ခင်ဗျားကို လာရှာသေးတယ်။ အဲ့ဒီလူကလည်း ရူးနေတာပဲ ဖြစ်ရမယ်ဗျာ။ ခင်ဗျားအထဲမှာ သေနေပြီ ထင်တယ်လို့ ပြောနေတာနဲ့ တိုက်ခန်းမန်နေဂျာက အခန်းကို သူဝင်ဖို့ ဖွင့်ပေးလိုက်ရတယ်။ ဆောရီးပါဗျာ.....ကျွန်တော်တို့လည်း ခင်ဗျားနဲ့ အဆက်အသွယ်မရတော့ နည်းနည်းစိတ်ပူသွားတာနဲ့ပဲ..။ ဒါပေမဲ့ ကျွန်တော်တို့ သူ့ကို ခင်ဗျားရဲ့ ပစ္စည်းတွေကို လက်နဲ့တောင် မထိခိုင်းခဲ့ပါဘူး။"

ချူရွှင့်က ဘယ်သူလဲဆိုတာ အကြမ်းဖျင်းတော့ သိလိုက်သလိုပင်။ ထို့ကြောင့် သူက မေးလိုက်သည်။

"အဲ့ဒီလူ နာမည်က ဘာတဲ့လဲ"

လုံခြုံရေးအစောင့်က ဆို၏။

"ကျွန်တော် မေ့သွားပြီ။ သူ့ မျိုးရိုးနာမည်က ကြက်သား ဆိုလား ဒါမှမဟုတ် ကျီ လည်း ဖြစ်နိုင်တယ်။"

အိုးး ၊ ကျီထန်းကျဲ့ ဖြစ်နေခဲ့သည်ပဲ။ မထွက်ခွာခင် လွန်ခဲ့သည့်တစ်လတုန်းက ကျီထန်းကျဲ့က သူ့ စိတ်အာရုံထဲ ပေါ်လာသည့်အခါတိုင်းတွင် သူက အနည်းနှင့်အများတော့ သိမ်ငယ်စိတ်ဓာတ်ကျခဲ့ရသည်ကို ချူရွှင့်က တွေးမိသွားရ၏။ ယခုမူ သူ မည်သို့မျှ မခံစားရတော့။ ဤသတင်းပေးစကားအား ကြားပြီးနောက် ဤမျှပင်။ သူက ကျီထန်းကျဲ့ကို သွားတွေ့ဖို့ ပြင်ဆင်နေမှာ မဟုတ်ပေ။ သူ့ဘဝတွင် အချိန်များများစားစား မကျန်တော့သည်ဖြစ်ရာ အဘယ်ကြောင့် ထိုလူ့အတွက် အချိန်တွေအား ဖြုန်းတီးပစ်ရမည်နည်း။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now