Chapter 49

2.1K 443 40
                                    

Unicode

Translator mirae-thu


ဆေးရုံမှဆင်းပြီးသည့်နောက်မှာ ကျိုးကျိုးဟာမကြာခဏဆိုသလို ချူချာနေခဲ့တာဖြစ်သည်။ ရက်အနည်းငယ်ကြာတိုင်း နေမကောင်းဖြစ်တတ်တာကြောင့် ဆေးရုံပြန်တက်ရလေ့၏။ကျိုးကျိုးဟာ တုံ့ပြန်မှုနှေးကွေးပြီး မငိုတတ်သော ကလေးဖြစ်တာကြောင့် နေရတာ အဆင်မပြေလျှင်တောင်၊ သိပ်မနာကျင်လျှင်တောင် မငိုပေ။ထို့ကြောင့်လည်း ကျိုးကျိုး နေကောင်းမကောင်း အချိန်မှီသိဖို့ဆိုတာ သူတို့အတွက်တော့အလွန်ခက်သည်။ယင်းအချက်တွေကြောင့်ပင် ကျိုးကျိုးကို အသံကျယ်ကြီးနှင့်အော်ငိုဖို့ ချူရွှင့် မျှော်လင့်နေတာဖြစ်ပေသည်။

ချူရွှင့်မှာ အလွန်စိုးရိမ်သောကရောက်လို့နေရသည်။အအေးမိရောဂါက သူ့ဆီမှတဆင့် ကလေးဆီသို့ ကူးစက်သွားခြင်းသာဟုတောင် တွေးမိ၏။သူဟာ တစ်ယောက်တည်း သီးသန့်ခွဲနေခဲ့သင့်သည်။ကျိုးကျိုး၏ ခန္ဓာကိုယ်က အားနည်းမှန်း သူ‌သေချာသိ‌နေတာတောင် သူ့(ကျိုးကျိုး)ကို အကြိမ်ပေါင်းများစွာသွားကြည့်နေခဲ့မိသည်။

သည်ရက်ပိုင်းမှာ ကျိုးကျိုးဟာ ချောင်းအနည်းငယ် ဆိုးနေခဲ့တာပင်။မနက်နှင့် ညဘက်တွေမှာဆို နှစ်ကြိမ်လောက် ချောင်းဆိုးတတ်သည်။နေ့လည်ဘက်တွေမှာတော့ သက်သာနေတတ်တာမို့အဖျားရှိခြင်းက သိပ်သိသာမနေခဲ့ပါပေ။

အစပိုင်းတွင် ဆရာဝန်သည်အဆုတ်ရောင်ရောဂါဟု စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ကလေးကို သေချာမစောင့်ရှောက်သည့်အတွက် သူတို့ကို အပြစ်တင်​ကာ သူတို့တွေ ကလေးကို သည်ထက်ပိုပြီးစောစော သူ့ဆီလာပြခဲ့သင့်ကြောင်း ပြောဆိုတော့သည်။သုံးယောက်လုံးသည်လည်း အလွန်ရှက်ရွံ့သွားခဲ့ကြရပါ၏။

ကလေးသည်ကား သူတို့သုံးယောက်လုံး ပြုစုစောင့်ရှောက်‌နေခဲ့ကြသော်ငြား ပိုဆိုးလာခဲ့သည်ပင်။သို့စေကာမူ လွန်ခဲ့သော ၃ရက်က ကျိုးကျိုးဟာ အတော်လေးတက်ကြွနေခဲ့သေးသည်။သေသေချာချာတွေးကြည့်ပါက ကျိုးကျိုးဟာ သည်နှစ်ရက်အတွင်းမှာပဲ နေမကောင်းဖြစ်သွားတာဖြစ်ရပေလိမ့်မည်။မြန်မြန်ဆန်ဆန် ဆိုးရွားလာရခြင်းကတော့ သေချာပေါက် ကျိုးကျိုး၏ အားနည်းသည့် ကိုယ်ခံအားစနစ်ကြောင့်ပင် ဖြစ်ပေလိမ့်မည်ပင်။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Donde viven las historias. Descúbrelo ahora