Chapter 24

2K 369 22
                                    

Unicide

လင့်ယန့်ချန်က အသံထွက်အမှန်ပေမဲ့ ထောက်နေလို့ အရင်ရေးနေကျအတိုင်း လင်းယန့်ချန်လို့ရေးလိုက်ပါတယ်။ ချူးရွှမ်ကိုတော့ ချူရွှင့်အဖြစ်​အမှန်ပြင်ထားပါတယ်။ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်😘

***********

လင်းယန့်ချန်ဟာ ချူရွှင့်ကို ကနေဒါကနေ အင်္ဂလန်သို့ ခေါ်ဆောင်သွားလေသည်။

သူတို့တွေ လေယာဥ်ကဆင်းလိုက်သည်နှင့် တန်ဖိုးကြီးဇိမ်ခံကားတစ်စီးက လာကြိုဖို့ရောက်လာသည်။

"ကိုယ်တို့ ဘယ်သွားကြမှာလဲ"

ချူရွှင့်ကမေးလိုက်သည်။

လင်းယန့်ချန်က ချူရွှင့်အား ကားထဲဆွဲခေါ်ကာ မျက်တောင်တစ်ချက်မခတ် လိမ်လည်လိုက်ပါ၏။

"ကျွန်တော် Manor packageတစ်ခုမှာထားတာ။ အဲ့ဒီထဲမှာ မြင်းစီးတာ၊ လှေစီးတာတွေပါတယ်။သီးပင်စားပင်တွေနဲ့ နှင်းဆီဥယျာဥ်တွေပါ ရှိတယ်။ ကျွန်တော် ခင်ဗျားပျော်ရအောင် အဲ့ဒီကိုခေါ်သွားပေးမယ်"

ချူရွှင့်က ဪ ဟုသာတုံ့ပြန်လိုက်သည်။သူ များများစားစားမတွေးမိပေ။ယင်းက ရိုးရှင်း၍ မျက်စိပသာဒဖြစ်ဖွယ် သစ်လုံးအိမ်လေးဖြစ်မည်ဟုပင် ယူဆလိုက်သည်။ အတွင်းမှာ ကျောက်တုံးမီးလင်းဖိုလည်း ရှိလောက်မည်။ခြံဝင်းကြီးထဲမှာလည်း ရာသီမရွေးပွင့်လန်းနိုင်သည့်ပန်းမာန်များဖြင့် ပြည့်ကာ သူတို့အနေဖြင့် သဘာဝရှုမျှော်ခင်းတွေကို ခံစားနိုင်ပြီး အိမ်ကိုစောင့်ဖို့ ဘဲငန်းဖြူဖြူကြီးတစ်ကောင်လည်း မွေးထားလို့ရနိုင်သည့် နေရာမျိုးဖြစ်လောက်မည်။

ကားလေးကတော့ ဘေးတစ်ဖက်တစ်ချက်မှာ စီတန်းပေါက်ရောက်နေသည့် အရိပ်ရ ဘိချ်အပင်ရှည်ကြီးတွေတစ်လျောက်ဖြတ်မောင်းသွားသည်။

တစ်နာရီလောက်ကားစီးရသည့်အပြင် ရှေ့ပိုင်းမှာလေယာဥ်စီးလာရသည်တို့ကြောင့် ချူရွှင့်မှာ အနည်းငယ်တော့ပင်ပန်းနေပြီဖြစ်သည်။ နောက်ဆုံးမှာတော့ သူ့ရှေ့က ကျောက်အုတ်တံတိုင်းနှင့် ကြီးမားလှသောအနက်ရောင် သံမဏိဝင်းဂိတ်မကြီးကိုမြင်လိုက်ရသည်။ကားလေးက ဂိတ်ပေါက်ရှေ့မှာ အရှိန်လျော့သွားကာ တံခါးမကြီးကပွင့်ဟလာသည်။ သူမေးလိုက်၏။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now