Chapter 7

3.9K 634 49
                                    

Unicode

Translator : oink_oink_95

Edited by Malmoree

"ဘယ်သူက ငါ့လိုကောင်မျိုးကို တကယ်ချစ်မှာလဲ?ငွေလမ်းခင်းပြီးတော့ပဲ အချစ်ကိုရှာရတော့တာပေါ့"

ထိုစကားကို အပျော်ရှာရာမှ လိင်ပိုင်းဆိုင်ရာ နှင့်ပတ်သတ်၍ ခြိမ်းခြောက်ငွေညှစ်ခြင်း ရင်ဆိုင်ခဲ့ရသည့် နိုင်ငံခြားသားနိုင်ငံရေးသမားတစ်ဦးကပြောဖူးသည်။

ချူးရွှမ်သည်လည်း အလားတူပင်ခံစားမိသည်။ ယခုလို ပိုက်ဆံနဲ့ အချစ်တုကိုဝယ်နိုင်တာကပင် သူ့အတွက် တော်တော်လုံလောက်နေခဲ့ပြီ။သူ့မှာအချိန်မှ သိပ်မရှိတော့သည်ပဲ။

တစ်စုံတစ်ယောက်ကတော့ရောင့်ရဲတင်းတိမ်တတ်အောင် သင်ယူရဦးပေမည်။

ချူးရွှမ် အရင်နှစ်တုန်းက သည်လိုအချိန်ကိုအမှတ်ရမိ၏။သူ ကျီထျန်းကျဲ့ကို အပြင်အတူတူထွက်စားရန်ခေါ်ခဲ့ဖူးသည်။ သူဘာကိုမှ မလိုချင်ခဲ့ပေ။ ကျီထျန်းကျဲ့ကိုသာအချိန် တစ်နာရီလောက် သူနှင့်အတူတူနေပေးဖို့ မျှော်လင့်ထားခဲ့၏။ သူငယ်ချင်းတစ်ယောက်လို ပြုံးရွှင်ပြီးတော့ပေါ့။

ကျီထျန်းကျဲ့ကတော့ ရောက်ရှိမလာခဲ့။သူ ဖုန်းဆက်တော့လည်း သာမန်ကာလျှံကာ ပြန်ဖြေလေသည်။

"ငါမေ့သွားတာကွာ..ငါ့အမှားပါ....ငါ့ကောင်မလေးက Shopping ထွက်ချင်တယ်ဆိုလို့ ။နောက်နေ့တွေ့ကြမယ်လေ"

"ဒီနေ့က ငါ့မွေးနေ့လေ"

"မင်းကို လက်ဆောင်ပေးမယ်လေကွာ ဘာလို့ ကလေး ဆန်နေရတာလဲ ဒီအသက်အရွယ်ကြီးရောက်မှ မွေးနေ့တွေကို ဂရုစိုက်နေသေးတာလား"

ဟုတ်တာပေါ့။ ဘယ်သူကမှ သူ့မွေးနေ့ကို ဂရုမစိုက်ကြတာ သူလည်း အရမ်းကြီး အာရုံမထားသင့်ဘူးပဲ။အဲ့လိုမှ မဟုတ်ရင် သူ့အတွက်ခက်ခဲနေဦးမှာပဲ။

************

ရှောင်လင်းက ခုတစ်ကြိမ်တော့ သူ့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုတို့ကိုပင် ထုတ်မပြနိုင်တော့။ မပြုံးနိုင်တော့ရုံသာမက အားတုံ့အားနာဖြစ်သွားဟန်လည်း ပေါ်သည်။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now