Chapter 11

3.5K 614 29
                                    

Unicode

Translator :wangweng93

Edited by Malmoree

14နာရီ လောက် ပျံသန်းလာပြီးတဲ့နောက် လေယာဉ်ဟာ McCarran အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လုံခြုံစွာဖြင့် ဆင်းသက်လာခဲ့လေသည်။ တရုတ်စံတော်ချိန်နှင့် နှိုင်းယှဉ်လျှင် ၁၅နာရီ နောက်ကျသည်။ သူတို့နေဝင်ဆည်းဆာ အချိန်မှာထွက်ခွာခဲ့ပေမယ့်လည်း ဒီကိုရောက်ရှိချိန်မှာတော့ နေ့လယ်ခင်းအချိန်သာ ရှိနေသေးပါ၏။

လင်းယန့်ချန် က ချူးရွှမ်ကို စကားဆိုသည်။

"ကျွန်တော်တို့ က တစ်နေ့ထဲမှာ မိုင်တစ်ထောင်ခရီးဆက်လာတာ မဟုတ်ဘူးပဲ။မိုင်ပေါင်းတစ်သောင်း ခရီးဆက်လာခဲ့တာ"

Xမြို့နဲ့ Las Vegasမြို့ အကွာအဝေးက မိုင်ပေါင်းတစ်သောင်းလောက် ရှိလေသည်။

သို့သော်လည်း ချူးရွှမ်က သိပ်မသေချာသလိုထင်နေသည်။ ခဏလောက်စဉ်းစားလိုက်အပြီးမှာ သူက ဆိုသည်။

"ကိုယ့်ကိုမင်းက အချက်အလက်ပြောပြနေတာလား ဒါမှမဟုတ် ညစ်ပတ်တဲ့ဟာသပြောနေတာလား"

(ဒီမှာ လင်းယန့်ချန်ပြောတာက တရုတ်idiomနဲ့ညှပ်ပြောလိုက်တာပါတဲ့။ညစ်ညမ်းစကားမျိုးလည်း ယူဆလို့ရတာမို့ ချူးရွှမ်က မေးတာပါ)

လင်းယန့်ချန်က သဘောကျစွာရယ်မောလိုက်သည်။အရယ်လွန်ပြီး ကံကောင်းလို့သာ ချော်လဲမကျသွားခြင်းဖြစ်သည်။

"ခင်ဗျားကအရမ်းချစ်ဖို့ကောင်းတာပဲ"

"..."

ချူးရွှမ် လူငယ်တွေကို နားမလည်တော့။သူတို့ကအမြဲတမ်း အပျော်အပျက်ပဲလုပ်နေကြတာပဲ။

နှစ်ဦးသားက ပုံမှန်ဇိမ်ခံဟိုတယ် တစ်ခုမှာအရင်တည်းလိုက်သည်။ ချူးရွှမ်ကတော့ ဒီမှာပျော်စရာတွေလုပ်ဖို့ စီစဉ်ထားသည်။ နောက်တစ်နေရာကို မသွားခင် ရောက်တဲ့နေရာမှာလည်း ပျော်အောင်နေမည်ဟု ဆုံးဖြတ်ထားလေသည်။

လေယာဉ်ပေါ်မှာ ပထမဆုံးအကြိမ် ငိုမိပြီးနောက်မှာ ချူးရွှမ်ဟာ သူမျိုသိပ်ထားရတဲ့ ဝမ်းနည်းမှုတွေ စိတ်ပျက်မှုတွေကို ဖွင့်ထုတ်လိုက်ရသလိုခံစားရကာ စိတ်တွေပေါ့ပါးသွားသလိုခံစားလိုက်ရသည်။ အရင်တုန်းကတော့ သူဘယ်လောက်ပဲ ရောဂါနောက်ဆုံးအဆင့် ခံစားနေရပါစေ သူမငိုဘူး၊ ရုပ်ဆိုးအောင်မနေဘူး၊ သူ့ကိုယ်သူ အားငယ်တဲ့ပုံမပေါ်စေရဘူးလို့ တွေးထားခဲ့တာပင်။ အခုတော့ ထိုသို့တွေးမိခဲ့ခြင်းဟာ သူအတိတ်မှာပိတ်မိနေဆဲဖြစ်လို့ ဆိုတာ သိခဲ့ပြီဖြစ်သည်။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now