Chapter 28

2K 367 7
                                    

Unicode

Translator :hanaindaeyo99

Edited by Me

လင်းယန့်ချန် သူ၏ဘယ်ဘက်ရင်အုံကို တစ်စုံတစ်ခုနှင့်အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး တင်္ဒဂမျှ ဘာလုပ်ရမှန်းမသိအောင် တွေဝေသွားသည်။

ချူရွှင့်က ပြုံးနေဆဲဖြစ်ပေမဲ့ လင်းယန့်ချန်မှာ ပြုံးပင်မပြုံးနိုင်ပါလေတော့။

လေထုက ဝမ်းနည်းစရာကောင်းပြီး ကို့ရို့ကားယားဖြစ်နေ၏။ချူရွှင့်ကတော့ ဟာသလုပ်နိုင်နေသေးသည့် သူ့ကိုယ်သူ တော်လှချည်လားဟုပင် ခံစားမိသွားသည်။

“မင်းပြောတော့ အိပ်ပျော်နိုင်မှာ မဟုတ်ဘူးဆို ။ ကိုယ်အခုပြောပြပြီးပြီဆိုတော့ မင်းစိတ်ချလက်ချအိပ်နိုင်ပြီလား”

ဤအချိန်မှာတော့ လင်းယန့်ချန်က ချူရွှင့်၏လက်ကို ဆုပ်ကိုင်လိုက်ကာ ရေရွတ်လိုက်သည်။

“ဟင့်အင်း”

မသေခင်မှာ နှုတ်ဆက်စကားဆိုရခြင်းကဘာမျှမဟုတ်ချေ။ သူ့ဘဝ၏နောက်ဆုံးနေ့ရက်တွေမှာ ဖြစ်ချင်သည့်ဆန္ဒတွေကို ရှောင်လင်းက ဖြည့်ဆည်းပေးခဲ့သည့်အတွက် ထိုအချက်ကိုပင် ချူရွှင့် ကျေးဇူးတင်မဆုံးဖြစ်ရသည်။ သူ သည့်ထက်ပိုပြီး ကမ္ဘာကြီးအကြောင်းကို ပိုမြင်တွေ့ချင်ပေမဲ့ ယခု ရသွားပြီးသား အရာလေးကိုပင် ကျေနပ်မဆုံးဖြစ်ရပါ၏။

နောက်ထပ်မျှ ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်းတွေ မရှိတော့ဘဲ သူသေရတော့မည်ဟူသောအချက်ကို လက်ခံနိုင်ခဲ့ပြီပဲ ဖြစ်သည်။

“ရှောင်လင်း ကျေးဇူးအများကြီးတင်ပါတယ်ကွာ။ မင်းနဲ့တွေ့ခဲ့ရတာ ကိုယ်အရမ်းဝမ်းသာတယ်။”

လင်းယန့်ချန်သည် ထိုနေ့ကအရက်မူးပြီးချူရွှင့်နှင့် တွေ့ဆုံခဲ့ရစဥ်က ခံစားချက်တို့ကိုဝိုးတဝါး မှတ်မိသွားသည်။ ပုန်ကန်ချင်သည့်စိတ်ကြောင့် ကနဦးမှာတော့ သူဟာ ထိုအခိုက်အတန့်ကိုအရိုင်းဆန်၍မွေ့လျော်လိုက်မည်ဟု ရည်ရွယ်ခဲ့ကာ တစ်လအကြာမှာတော့ အေးအေးချမ်းချမ်းဖြင့်ပင် လမ်းခွဲကြမည်ဟု တွေးထားခဲ့တာဖြစ်သည်။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now