Chapter 62

1.9K 366 6
                                    

Unicode

Translator : mirae-thu

ကျွမ်းဟမ့်ရွှယ်သည် သူ့ခေါင်းကိုကုတ်ကာ တဟီးဟီး ရယ်လိုက်ရင်း

"တကယ်တော့ ကျွန်တော်လည်း မမှတ်မိတော့ဘူး။"

ချူရွှင့်"......"

ကျွမ်းဟန့်ရွယ်က ယောင်ဝါးဝါးပြန်တွေးလိုက်၏။

" အစ်ကို့ကို ဆက်သွယ်နိုင်မဲ့အချက်အလက်တွေကို ကျွန်တော့်ကို သူလာမေးတယ်။ဒါပေမဲ့ အစ်ကို သိတဲ့အတိုင်းပဲ ကျွန်တော်က အလွန့်အလွန်ကို ဂုဏ်သိက္ခာရှိပြီး ဖြောင့်မတ်တယ်လေ! အစ်ကိုနေမကောင်းတဲ့အကြောင်းကို ဘယ်သူ့ကိုမှမပြောဖို့ ကျွန်တော့်ကိုသေချာမှာထားတာဆိုတော့ သေချာပေါက် ကျွန်တော်မပြောပြလိုက်ဘူးပေါ့။ကျွန်တော်ပြောလိုက်တယ်။' တကယ်လို့ ခင်ဗျားက ချူရွှင့်ရဲ့ရည်းစားဆိုရင် ကျွန်တော့်ကို သက်သေအထောက်အထားပြလို့။' သူ့မှာ ပုံတစ်ပုံမှတောင်မရှိဘူးလေ အဲ့တော့ ကျွန်တော်သူ့ကိုမောင်းထုတ်ရတော့တာ‌ပေါ့။ပွင့်ပွင့်လင်းလင်းပြောရရင် သူက အရမ်းဩဇာရှိပြီး သူ့စကားတွေက တော်တော်လေးကို ရင်ထဲထိတယ်။သူက အစ်ကို ဘာတွေစားရတာကြိုက်တယ် ဘာတွေကိုမကြိုက်ဘူးဆိုတာတွေ ပြောပြတယ်။အစ်ကို့အကြောင်းတွေ အများကြီးပြောပြပြီး ကျွန်တော်ခံစားရလွန်းလို့ ငိုတောင်ငိုမိတယ်။ဒီလိုမျိုး ကိစ္စတွေကို ကျွန်တော်မခံစားနိုင်ဆုံးပဲ။ကျွန်တော်က တုံးပေမဲ့လည်း ရိုးသားတာနဲ့မရိုးသားတာနှစ်ခုကြားက ကွာခြားချက်ကို ကျွန်တော်သေသေချာချာပြောနိုင်တယ်။"

ထို့နောက်မှာ သူထပ်ပြောလိုက်ပြန်သည်။

"သူ နားလည်လောက်မယ်ထင်တာပဲ .... အစ်ကိုချူ ကျွန်တော်အစ်ကို့ကို ပြဿနာဖြစ်အောင်တော့မလုပ်မိပါဘူးနော် ဟုတ်တယ်မဟုတ်လားဟင်?"

ချူရွှင့် အတင်း ပြုံးပြလိုက်ရသည်။

"မဖြစ်ပါဘူး။ အမ်.. ကျေးဇူးတင်ပါတယ်။"

ကျွမ်းဟမ့်ရွယ် ထူးထူးခြားခြား ဂုဏ်ယူဝမ်းသာသလိုခံစားလိုက်ရသည်။

"ကျွန်တော် အစ်ကို့ပါးစပ်ကနေ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကား မကြားရတာတောင်တော်တော်ကြာပြီ။"

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now