Chapter 21

2.5K 447 7
                                    

Unicode

ချူးရွှမ် နာကျင်စွာစုပ်သပ်လိုက်မိသည်။

"မလုပ်နဲ့...မလှုပ်လိုက်နဲ့တော့။ နည်းနည်းလောက် နာနေတယ်"

လင်းယန့်ချန်သည် ချူးရွှမ်၏ခြေကျင်းဝတ်ကို ထပ်ပြီးမထိဝံ့တော့ချေ။

"တစ်ခြားနာတဲ့နေရာတွေရှိသေးလား"

ဟူ၍သာသူမေးလိုက်ရသည်။

ချူးရွှမ်ကခေါင်းခါယမ်းပြသည်။

"ဒီနေရာကနှင်းတွေထူနေလို့ ကိုယ်တို့ကံကောင်းသွားတာ။ ကိုယ်တော့ခြေကျင်းဝတ်လည်သွားပြီထင်တာပဲ။ အဆိုးဆုံးအနေနဲ့ ကျိုးရုံလောက်လို့ပဲမျှော်လင့်ရတာပဲ။မင်းရော ဘယ်လိုလဲ။နာတဲ့တစ်နေရာရာရှိသေးလား"

သူတို့နှစ်ယောက်အတူကျလာခဲ့စဥ်က လင်းယန့်ချန်ဟာ ကူရှင်သဖွယ်ခံထားပေးခဲ့တာဖြစ်သည်။

လင်းယန့်ချန်က လက်ဖြန့်ကားလိုက်ရင်း

"ကျွန်တော့်အရေပြားက ထူတယ်လေ"

စိုးရိမ်နေဆဲချူးရွှမ်ကတော့ ညွှန်ကြားနေတုန်းပင်။

"ကိုယ်တို့ပြန်ရောက်ရင်တော့ မင်းအတွင်းဒဏ်ရာတွေရသွားသေးလားဆိုတာသေချာစစ်ဆေးကြည့်ရမယ်။ အခု အကူညီခေါ်ကြရအောင်"

သူက ဖုန်းကိုဆွဲထုတ်လိုက်ပြီးမှ သက်ပြင်းချသည်။

"ဒီမှာလိုင်းလုံးဝမမိဘူး။ မင်းဖုန်းရော"

လင်းယန့်ချန်ကခြေတစ်ဝက်လောက်ကို တကူးတကဆုတ်ပြီးမှ ဖုန်းကိုဆွဲထုတ်လိုက်သည်။

ချူးရွှမ် : "......"

"ငါမင်းဖုန်းကိုဆွဲမလုပါဘူးနော်။ မင်းသိပ်တွန့်တိုတာပဲ"

လင်းယန့်ချန်က သူ့ဖုန်းကို ချူးရွှမ်ထံပြသည်။ပင့်ကူမျှင်များကဲ့သို့အက်ကွဲရာများရှိနေသောမျက်နှာပြင်က ဖွင့်လို့မရတော့သည်အထိ ပျက်စီးသွားပြီဖြစ်လေသည်။

"ကောင်းရော...ကျွန်တော်တော့ ဝဋ်လည်တာပဲ။ ခင်ဗျားပျော်သွားပြီလား။ အကူညီတောင်းဖို့ လိုင်းမိတဲ့နေရာပဲသွားကြရအောင်"

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now