Chapter 1.1

17K 775 14
                                    


Unicode

၂၄ရက်နေ့ ဒီဇင်ဘာလ အင်္ဂါနေ့။

နေသာသည်။ အမြင့်ဆုံးအပူချိန်မှာ ၇ဒီဂရီ စင်တီဂရိတ်ဖြစ်၍ အနိမ့်ဆုံးအပူချိန်မှာ ၃ဒီဂရီ စင်တီဂရိတ် ဖြစ်ကာ လေအနည်းငယ် ထန်သည်။

ရာသီဥတုသာယာသည်ဟုတော့ ယူဆလို့ရပေမည်။
 
၇နာရီ ဝန်းကျင်လောက်တွင် ချူးရွှမ်တစ်ယောက် မနက်စာဝယ်ဖို့ ထွက်လာခဲ့သည်။ သူ့အနားက ကျောင်းသား/သူများက ဆူညံစွာ ကျီစယ်စနောက်နေကြသည်။ကျောင်းဝတ်စုံတို့က ဖိုသီဖတ်သီဖြစ်နေကာ သူတို့ရဲ့လည်စည်းတွေကိုတောင် ဝတ်မထားကြချေ။ သူတို့၏ ငယ်ရွယ်နုနယ်သော မျက်နှာလေးတို့က တောက်ပနေပါ၏။

ချူးရွှမ် အမှန်ပင် သူတို့အား မနာလိုအားကျဖြစ်မိသည်။ ဒီတနင်္ဂနွေနေ့သည်သူ့ရဲ့ အသက်သုံးဆယ်နှစ်ပြည့်မွေးနေ့ဖြစ်ကာ နှစ်ပေါင်းများစွာသည်လည်း ဒီလိုနည်းဖြင့်သာ ဖြတ်သန်းခဲ့ရသည်။သူ့အသက်သည်လည်း မငယ်တော့ပါချေ။

ကုတ်အင်္ကျီအောက်မှာနွေးနွေးထွေးထွေးအတွင်းဝတ်ကို ဝတ်ထားကာ အပြင်ဘက်မှာတော့ထူထဲတဲ့ သိုးမွှေးဂျက်ကတ်ကို ဝတ်ထားတာတောင် သူသည်အေးနေသေးတာကြောင့် လည်ပင်းတစ်ဝိုက်တွင်လည်စီးကို တင်းတင်းကြပ်ကြပ်စည်းထားရသေးသည်။

ဝယ်လို့ပြီးသွားတော့ သူက ကျီထျန်းကျဲ့ရဲ့ အိမ်သို့သွားကာ သူ့အတွက်မနက်စာကို ကမ်းပေးလိုက်သည်။

သို့သော် ကျီထျန်းကျဲ့က မကျေနပ်နိုင်သေး။

"ငါလိုချင်တာ အမဲသားအရသာပါဆို။ ဒါကြီးက ဝက်သားကြီးပဲ။ ဒါလေးတောင်မှားဝယ်လာရလား"

သူက ထပ်ပြောလိုက်သေး၏။

"ငါနဲ့ ခပ်ခွာခွာ နေစမ်းပါ။မင်းဆီက ဆီပါတဲ့အသားနံ့တွေ ထွက်နေတယ်"

သူ မကြိုက်ပေမယ့်လည်း ကျီထျန်းကျဲ့က ချူးရွှမ်ဝယ်လာတဲ့မနက်စာကိုတော့ စားလိုက်သေး၏။ သူကဆိုသည်။

"ငါဒီနေ့သုံးဖို့လိုတဲ့ ပါဝါပွိုင့်တွေ ဘယ်မှာလဲ။မင်း ဘာဖြစ်နေတာလဲ။ ခုထိ လုပ်လို့မပြီးသေးတာလား"

ချူးရွှမ်က ပင်ပန်းစွာ ခေါင်းငြိမ့်ပြသည်။

"ငါပြီးနေပြီ။မင်းကို ဒီ Slidesတွေအကြောင်း ရှင်းပြပေးမယ်။ ခဏနေလို့ တင်ပြတဲ့ အချိန်ရောက်ရင် အနည်းဆုံးတော့ ဒီslidesတွေနဲ့ ရင်းနှီးထားဖို့ လိုတယ်မလား..."

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now