Chapter 68

1.3K 279 0
                                    

Unicode

Translator : mirae-thu

လင်းယန့်ချန်သည် ထိုအုပ်စုနှင့်ငယ်ငယ်တည်းက ခင်လာခဲ့ကြတာဖြစ်၏။ပြည့်တန်ဆာအိမ်သွားတာကလွဲ၍ သူသည် ထိုအုပ်စုနှင့်အတူ ကောင်းတာရောဆိုးတာပါ အကုန်လုပ်ဖူးသည်။ တကယ့်ကို ရင်းနှီးချစ်ခင်ကြသော ညီအစ်ကိုအပေါင်းအသင်းများပင်။

ယခု သူတို့တစ်ယောက်ချင်းစီတိုင်းဟာ မတူညီသည့်လူတွေထဲမှာ တိုးတက်အောင်မြင်နေပြီဖြစ်ကြသော်လည်း သူတို့တွေ၏ခင်မင်ရင်းနှီးကတော့ အလွန်ကောင်းမွန်နေဆဲပင်။

သူတို့တွေထဲမှာမှ သူနှင့်အရင်းနှီးဆုံးက ၄ယောက်ရှိပြီး အကောင်းဆုံးနှင့် အခိုင်မာဆုံးဆက်ဆံရေးကတော့ သူ့မိသားစု၏ကံကြမ္မာအလှည့်အပြောင်းကိုခံစားခဲ့ရပြီး အနုပညာလောကထဲတွင် ကြီးပြင်းခဲ့သည် ကျန်ဟုန်ယွီပင်ဖြစ်သည်။သူဟာ နိုင်ငံတကာ ရုပ်ရှင်ဧကရဇ်တစ်ယောက်ဖြစ်ပြီး သတင်းတွေ၊ ရုပ်ရှင်နှင့် TV show ပွဲတွေမှာ သရုပ်ဆောင်ပြီးသီချင်းလည်းဆိုသည်။ နောက်တစ်ယောက်ကတော့ လွီဟောင့်ဖြစ်ပြီး သူ့မိသားစုစီးပွားရေးက ရွှေ၊ငွေနှင့် တန်ဖိုးကြီးကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းကိုလုပ်ကိုင်ကြသည်။သူသည် တော်တော်လေးကိုချမ်းသာ၏။ကျန်ဟုန်ယွီ ကော်ဇော်နီပေါ်လျှောက်ရချိန်တွင် သူသည် အမြဲတမ်းသူ့ဆီက လက်ဝတ်လက်စားတွေ ငှားပေးလေ့ရှိသည်။နောက်တစ်ယောက်မှာ နိုင်ငံတကာအဓိက အဝတ်အစားကုမ္ပဏီ၏တစ်ဦးတည်းသောသား ကျူးလင်ဟွေးဖြစ်သည်။သူကိုယ်တိုင်သည်လည်း ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်သည်။နောက်ဆုံးတစ်ယောက်မှာတော့ ထန်ရှိုးမင်ဖြစ်ပြီး သူ့မိသားစုဘဏ္ဍာ‌ရေးအုပ်စုသည် အစားအသောက်တွေအများကြီးနှင့်ချိတ်ဆက်ပိုင်ဆိုင်ထားပြီး လူသိများသည့် Brand တွေ ကုန်အမှတ်တံဆိပ်တွေလည်းအပါအဝင်ဖြစ်သည်။

လင်းယန့်ချန်သည် ထိုအုပ်စုထဲတွင် အသက်အကြီးဆုံးဖြစ်ပြီး စိတ်ကူးစိတ်သန်းအထွက်ဆုံးသူတစ်ယောက်ဖြစ်သည်။သူသည် အမြဲတမ်း ဦးဆောင်ပြီးပြဿနာရှာသော နတ်ဆိုးလေးတစ်ယောက်ဖြစ်ပြီး သူ့ကိုယ်သူလဲ သူတို့အဖွဲ့၏ 'လောင်တာ့'အဖြစ် ဝန်ခံထားသည်။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now