Chapter 63

2.1K 369 21
                                    

Unicode

Translator : mirae-thu

လင်းယန့်ချန် ကြက်သေသွားလေသည်။ချူရွှင့်ဟာ အနည်းနှင့်အများတော့ ပျော်သွားလိမ့်မည်ဟု သူထင်ထားခဲ့တာဖြစ်သည်။မမျှော်လင့်စွာပင် ချူရွှင့်က မပျော်သွားသည့်အပြင် စိတ်ဆိုးနေသည့်ပုံတောင်ပေါ်နေသေးသည်။

ဘာလို့လဲ?

လင်းယန့်ချန် စိတ်ရှုပ်ထွေးသွားရသည်။

ချူရွှင့်က သူ့ကိုအတင်းစစ်မေးလိုက်၏။

"မင်း ဒီကို အလုပ်ကိစ္စခရီးကအဆင်ပြေသွားလို့ ကိုယ့်ကို လာတွေ့တာလား? ဒါမှမဟုတ်ရင် နောက်ကျရင် မင်းY မြို့တော်မှာ စီးပွားရေးတိုးတက်အောင်လုပ်ဖို့ အစီအစဉ်ရှိလို့လား?"

လင်းယန့်ချန်ကဝန်ခံလိုက်သည်။

"ကျွန်တော်တို့ Group က အီလက်ထရောနစ်နည်းပညာအချက်အလက် ပိုင်းထဲကိုဝင်ရောက်နိုင်ဖို့ စီစဉ်နေတာ ပြီးတော့ ကျွန်တော်ကနေ တာဝန်ယူပြီး Yမြို့တော်မှာ ကုမ္ပဏီအသစ်စထောင်မှာ။"

ချူရွှင့်ထိုစကားကြားပြီးတာနှင့် သူနားလည်သွားတော့သည်။

"ဒါကိုမင်းရည်ရွယ်ချက်လား?ဒီလောက်အဝေးကြီးသွားဖို့ထိ လိုလို့လား?အထူးသဖြင့် မင်းကိုဒီကိုမလာခဲ့ဖို့ ကိုယ်မပြောခဲ့ဘူးလား?အလုပ်ကအလုပ် ကိုယ်ရေးကိုယ်တာက ကိုယ်ရေးကိုယ်တာပဲ။ကိုယ် အဲ့၂ခုကိုရှုပ်ထွေးရတာကို မကြိုက်ဘူး။ မင်း B မြို့က ဋ္ဌာနချုပ်မှာ ကောင်ူမွန်တဲ့ အလုပ်ရနေရဲ့သားနဲ့ ချောချောမွေ့မွေ့ တိုးတက်နေပါလျက်သားနဲ့ အခု မင်းကဒါတွေအကုန်လုံးကို လွှတ်ချခဲ့ပြီးဒီကိုလာပြီး အကုန်လုံးကို အစကနေပြန်စမယ်ပေါ့?မင်းရဲ့ခေါင်းကို တံခါးညပ်သွားတာလား?"

ချူရွှင့်က မပျော်သည့်အပြင် သူ့ကိုပါ ကြိမ်းမောင်းလာတော့ လင်းယန့်ချန်မှာ မကျေနပ်ချက်တွေ စုပြုံလာခဲ့ပြီ ဖြစ်သည်။

"မိသားစုကိုရှေ့တန်းတင်ဖို့ ရည်ရွယ်ပြီး ကျွန်တော့်အလုပ်ကို အနှောင့်အယှက်မဖြစ်စေတဲ့နည်းလမ်းကို ရွေးချယ်လိုက်တာ ဘာများမှားနေလို့လဲ?ကျွန်တော် ဒါတွေအကုန်လုံး ခင်ဗျားအတွက်ပဲလုပ်နေတာမဟုတ်ဘူးလား?"

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now