Chapter 31

2.1K 362 9
                                    

Unicode

Translator : hanaindaeyo99

Edited by Me


လင်းယန့်ချန်၏သူငယ်ချင်းဖြစ်သူ လွီဟောင့်က ရုတ်တရက်ကြီး လင်းယန့်ချန်ဆီ ဖုန်းဆက်လာကာ မေးခွန်းထုတ်လာလေ၏။

“ကလိမ်ကကျစ်ကောင် မင်းကငါ့ညီကို ရောဟုတ်သေးရဲ့လား။ မင်း အင်္ဂလန်ရောက်နေတာ ငါ့ကိုတောင် အကြောင်းမကြားဘူး။ မင်းလာတဲ့အကြောင်း သူတို့သာမပြောရင် ငါသိမှာတောင် မဟုတ်ဘူးကွ။”

သူငယ်ချင်းထက် ချစ်သူကို ဦးစားပေးသည့်လူမျိုးကို လင်းယန့်ချန် အရင်က အထင်သေးလေ့ရှိသည်။ ယခုတော့ဖြင့် သူငယ်ချင်းတွေနှင့်အချိန်ဖြုန်းရတာက စိတ်ရှုပ်စရာကောင်းပြီး အချိန်လည်းကုန်ကာ ချူရွှင့်နှင့် အချိန်ကုန်ဆုံးရသည်ကမှ ပို၍ကောင်းကြောင်း သူသိလိုက်ရချေပြီ။သို့သော်လည်း ထိုကောင်တွေ သူ့ထံ တန်းတန်းမတ်မတ်လာရှာကြမည်ကို စိုးရိမ်လှသဖြင့် ရှင်းပြလိုက်ရ၏။

“ငါပြန်ရောက်တာ ရက်နည်းနည်းပဲရှိသေးတယ်။ ပြီးတော့ ငါ့မှာ လုပ်စရာလည်း ရှိသေးလို့ကွာ။ အားတဲ့အခါမှ မင်းတို့ကောင်တွေကို ငါလာတွေ့ပါ့မယ်။”

“ဘာတွေက အဲ့လောက်အရေးကြီးနေတာလဲ”

တစ်ဖက်လူက မကျေမနပ်ဖြင့် မေးလိုက်သည်။

“မင်း ရည်းစားရနေတာလား။”

ချက်ချင်းပင် လင်းယန့်ချန်မှာ လန့်ဖြန့်သွားပြီး သူ့ကိုယ်သူ ဖော်ကောင်လုပ်လိုက်မိတော့သည်။

“မင်းကို တီနာ ပြောတာလား။ ငါသူ့ကိုဘယ်သူ့မှ မပြောနဲ့လို့ ပြောထားရက်နဲ့ကွာ…ကျစ်”

“ဟားဟားဟားဟား…သူငါ့ကိုမပြောပါဘူးကွာ။ သူကမင်း ဒီရောက်နေတယ်ဆိုတာပဲပြောတာ။ ငါက သာမန်ကာလျှံကာ မေးရုံလေးကို မင်းက တကယ်ကြီး ဝန်ခံလိုက်တာလား။ မင်း ဘယ်တုန်းကစပြီး ဒီလောက် တုံးအသွားရတာလဲ။အချစ်က လူတွေကို ငတုံးဖြစ်သွားစေတယ်ဆိုတာ တကယ်ပဲကိုး"

သူ့သူငယ်ချင်းက ရယ်မောလေတော့သည်။

လင်းယန့်ချန် : “…...”

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now