Chapter 22

2.5K 404 9
                                    

Unicode

ချူးရွှမ်နှင့် လင်းယန့်ချန်တို့ အသက်ဘေးမှလွတ်မြောက်သွားကြသည်။

သူတို့နှစ်ယောက်ကို ဆေးရုံသို့အရင်ဆုံးပို့လိုက်ကြပြီး ဆရာဝန်က လုံခြုံနွေးထွေးသည့်အခန်းထဲမှာ စောင့်ဆိုင်းနေသည်။

ဆရာဝန်က နှစ်ယောက်၏အခြေအနေကိုမေးမြန်း၏။

သူတို့နှစ်ယောက်လုံး တစ်ချိန်တည်းပြိုင်တူပြောမိသွားကြသည်။

ချူးရွှမ် :"သူဒဏ်ရာရထားတယ်။ သူ့ကိုမြန်မြန်စစ်ဆေးပေးပါ"

လင်းယန့်ချန် : "သူ့ခြေထောက်က အရမ်းနာနေပြီ"

ဆရာဝန် : "......"

ချူးရွှမ်နှင့်လင်းယန့်ချန်က ကြောင်အမ်းသွားပြီးမှ နောက်တစ်ခါ ပြိုင်တူပြောမိသွားပြန်သည်။

လင်းယန့်ချန် : "......"

ချူးရွှမ်ကလင်းယန့်ချန်ကိုလှည့်ကြည့်ကာ အပြစ်ဆိုလိုက်သည်။

"မင်းလှုပ်ရှားလို့ရနေသေးတယ်ဆိုတာနဲ့ ဘာမှမဖြစ်ဘူးထင်မနေနဲ့။ အတွင်းဒဏ်ရာတွေရသွားရင်ဘယ်လိုလုပ်မလဲ။ မင်းနာနေတဲ့နေရာတွေကို စစ်ဆေးကြည့်သင့်တယ်"

လင်းယန့်ချန်ကလည်းအခိုင်အမာဆိုပြန်သည်။

"ကျွန်တော် တကယ်အဆင်ပြေတယ်။ ခင်ဗျားခြေထောက်ကသာ ချက်ချင်းစစ်ဆေးကြည့်သင့်တာ"

ဆရာဝန် : "ဒါကသေရေးရှင်ရေးလည်းမဟုတ်ပါဘူးဗျာ။ ခင်ဗျားတို့တွေ တစ်ယောက်ကိုတစ်ယောက်ဦးစားပေးနေစရာမလိုပါဘူး။ ပြီးတော့ ဒီမှာ ဆရာဝန်နှစ်ယောက် ရပ်နေတာပါနော်"

လင်းယန့်ချန်က သူ့လက်တွေနှင့်ခြေထောက်တွေ လှုပ်ရှားလို့ရတာကြောင့် ကိုယ်တွင်းသာ စစ်ဆေးဖို့လိုသည်။ သို့သော်လည်း သူဟာ ကောင်းကောင်းကြီးလှုပ်ရှားနေနိုင်တာကြောင့် ဘာမှမဖြစ်ဘူးဟု ယုံကြည်လေသည်။

ချူးရွှမ်ကတော့ ခြေထောက်မှာ ကျိုးတာအက်တာရှိမရှိသိနိုင်ဖို့ X rayရိုက်ဖို့ရာ တွန်းပို့ခံလိုက်ရသည်။

လင်းယန့်ချန်က X-Rayခန်း အပြင်ဘက်ကနေ စောင့်နေပေးသည်။ လူစိမ်းတစ်ယောက်က သူ့နား ချဥ်းကပ်လာကာ ဆိုသည်။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now