Chapter 58

1.7K 364 7
                                    

Unicode

Translator : mirae-thu

လင်းယန့်ချန်သည် ချူရွှင့်တို့အိမ်၏ ထမင်းစား စားပွဲဘယ်ဘက်ခြမ်းရှိ ချူရွှင့်ဘေးမှာ ထိုင်နေကာ သူ့ယောက္ခမက မျက်နှာချင်းဆိုင်ဘက်မှာထိုင်နေလေသည်။

လွန်ခဲ့တဲ့ နေ့တစ်ဝက်လောက်ကဆိုလျှင်တော့ သူ့အနေဖြင့် ဤနှယ် တလောင်(ခေါင်းဆောင်၊ အကြီးအကဲ)မျိုးကို ကြောက်နေလောက်မှာမဟုတ်။ခုတော့ဖြင့် သူ့ခြေထောက်နှစ်ချောင်းလုံး တုန်ရီနေတော့သည်။

လင်းယန့်ချန် သူတကယ်ပဲဗေဒင်ဆရာတစ်ယောက်ကို သွားရှာသင့်လားလို့ တွေးနေမိသည်။

ကြည့်ရတာ ဒီနှစ်ရက်က အရမ်းကံဆိုးနေတာများလား?ဒါမှမဟုတ် အရင်အပတ်က သူ့မိန်းမနဲ့ကလေးက ပြန်‌လာခဲ့တာက ကံအရမ်းကောင်းသွားပြီး ကံတရားရဲ့နိယာမအရ အခု သူကံပြန်ဆိုးရတော့မှာများလား?

ဆရာချူက သူ့ကို စူးရှသည့်မျက်လုံးတွေဖြင့်စူးစူးစိုက်စိုက်ကို ကြည့်နေသည်။ပြောရလျှင်တော့ ရယ်စရာကောင်းသည်။ သူ သည်လိုမျိုး စူးစိုက်ကြည့်ဖို့အတွက် နှစ်၂၀ကျော်လောက် လေ့ကျင့်ခဲ့ရတာဖြစ်၏။သူထိုအကြည့်ကို သူ့ကျောင်းသားတွေဆီမှာ နေ့တိုင်းလေ့ကျင့်ထားရတာဖြစ်သည်။သူထိုအကြည့်ဖြင့် ကြည့်လိုက်သောအချိန်တွေဆိုလျှင် ယခင်က ပုန်ကန်ထကြွနေသည့်ကျောင်းသားတွေတောင် သိုးငယ်လေးတွေလို နာခံရိုကျိုးလာတတ်ပေသည်။

သူ လင်းယန့်ချန်ကို ခေါင်းအစခြေအဆုံးကြည့်လိုက်ရာ ပထမဆုံးအနေနှင့် ထိုသူ့မျက်နှာက တော်တော်ကောင်းပြီး တော်တော်‌လေးကို ကြည့်ကောင်းပေမဲ့ မျက်လုံးအောက်က မျက်ကွင်းညိုညိုတွေကတော့ နည်းနည်းကြည့်ရဆိုးနေသည်။သူကြည့်ရတာ ငယ်မည့်ပုံပေါ်ပြီး ၂၅နှစ်ဝန်းကျင်လောက်သာရှိပေဦးမည်။ သူ့အဝတ်အစားတွေက ဈေးကြီးမဲ့ပုံပေါ်သော်လည်း အရောင်နည်းနည်းမှိန်နေပြီး အရမ်းသေသပ်တဲ့ပုံမပေါ်ပေ။

မနက်စောစော 2:30တွင် တစ်မိသားစုလုံးဟာ ဧည့်ခန်းထဲတွင် ထိုင်နေခဲ့ကြလေသည်။

ယင်းက သူ့(လင်းယန့်ချန်)ကို အပြစ်သားတစ်ယောက်လို စစ်ဆေးမေးကြောဆနသည်နှင့်တောင် တူချေသေးသည်။လေထုက လေးလံပြီး လေးနက်နေပေ၏။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now