Chapter 34

2K 388 9
                                    

Unicode

Translator hanaindaeyo99

Edited by Me

လင်းယန့်ချန်နိုးလာသည့်အချိန်မှာတော့ နေတောင်အတော်အမြင့်နေပြီဖြစ်သည်။ သူ့ကမျက်လုံးကို စွေကြည့်လိုက်ရင်း နံဘေးနားကိုလိုက်စမ်းကြည့်လိုက်သည်။ စောင်နှင့်ခေါင်းအုံးတွေကို စမ်းမိပြီးသည့်နောက်မှာတော့ ချူရွှင့် မရှိဘူးဆိုတာကို သူတဖြည်းဖြည်းနှင့် သတိထားမိသွားသည်။ ပထမတော့ သူအရမ်းစိတ်ထဲမရှိသေးချေ။

အိပ်ယာဘေးမှာရှိသည့်စားပွဲခုံပေါ်ကနေ ဖုန်းကိုသာလှမ်းယူလိုက်သည်။ သူ့ကိုအံ့အားသင့်သွားစေသည်က နေ့လည်တစ်နာရီတောင်ရှိနေပြီဆိုသည့် အချက်ဖြစ်သည်။

သူဘယ်တုန်းကမှ ဒီလိုနေ့လည်အထိ မအိပ်ခဲ့ဖူးချေ။ ဖြစ်နိုင်တာက သူမနေ့ညက ပင်ပန်းသွားလို့များလား။

ချူရွှင့်ရော အိပ်ရာထသွားပြီလား။ လင်းယန့်ချန် ထထိုင်လိုက်ရင်း အကြောလျှော့ကာ သမ်းဝေလိုက်သည်။ မနေ့ညက ချူရွှင့် ဝတ်သည့် ညအိပ်ဝတ်စုံလေးက ဆိုဖာနောက်မှီမှာ ချိတ်ထားတာကိုမြင်လိုက်ရတော့ သူဟာ အရူးတစ်ယောက်လို့ တခွီးခွီးရယ်မိသွားသည်။

ချူရွှင့်က သူ့ကိုချစ်တာ သေချာပေါက်ပင်။သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကိုမြင်တော့ သူ့ကိုတောင်မနှိုးရက်ပေ။

လင်းယန့်ချန်က အကြိမ်အနည်းငယ်မျှ ခေါ်လိုက်သည်။

“အားရွှင့်…အားရွှင့်…အားရွှင့်…”

မည်သူမျှပြန်မဖြေချေ။ ဖြစ်နိုင်တာ သူအောက်ဆင်းသွားလို့များလား။”

လင်းယန့်ချန် သံသယဝင်စပြုလာသည်။ သို့်သော်လည်း သူမျက်နှာသစ်၊ သွားတိုက်လိုက်ပြီး ဆံပင်ကို ဖြီးသင်လိုက်သည်။ အဝတ်အစားဝတ်တော့ ချူရွှင့်၏အဝတ်အစားတွေက သူ့အဝတ်ဗီရိုထဲမှာ ချူရွှင့်ပစ္စည်းလေးတွေထည့်ထားသည့်အိတ်နှင့်အတူ ရှိနေသေးသည်။ ထို့နောက် သူတို့ခရီးထွက်တုန်းက ဝယ်လာသည့် လက်ဆောင်ပစ္စည်းများလည်းရှိနေသေးသည်။ အရာအားလုံး ဒီမှာပဲရှိနေတော့ ချူရွှင့်လည်း ဒီမှာပဲရှိနေလိမ့်မည်ဟု သူထင်လိုက်သည်။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now