Chapter 18

4.9K 572 21
                                    

Translator : NikoSusan

ထောက် ထောက် ထောက်

ဘိလိယက်ဘောလုံးလေးများတိုက်မိပြီး ကြွတ်ဆက်တဲ့အသံများထွက်လာချိန်တွင် ဘောလုံးများသည် ကျွင်းထဲသို့တစ်လုံးချင်း ဝင်ရောက်သွားခဲ့၏။

Snookerကစားကွက်သည် အခြားသောဘိလိယက်ကစားကွက်များနှင့် ခြားနားခြင်းမှာ အဖြူရောင်ဘောလုံးရဲ့ဦးတည်ရာကိုထိန်းချုပ်နိုင်ဖို့ရာ ကစားသူသည် အလွန်စိတ်ရှည်ဖို့ရန်လိုအပ်ခြင်းပင် ဖြစ်လေသည်။

ထို့အပြင် ဘောလုံးများ၏ ပြောင်းလဲမှုအနည်းငယ်ဖြင့် ပြိုင်ဘက်ကိုလည်းအတားအဆီးဖြစ်အောင်ဖန်တီးထားရသေးသည်။

(သူ့ဘောလုံးအဖြူကိုသုံးပြီး ဘောလုံးကိုကျွင်းထဲဝင်အောင်လုပ်ရရုံသာမက သူများဘောလုံးကိုမဝင်အောင်လည်း ကိုယ့်ဘောလုံးကိုထည့်ရင်းနဲ့ အတားအဆီးလုပ်ရသေးတယ်)

ဘောလုံးကို တွန်းပို့ရာတွင်လည်း အာရုံစိုက်မှုက လိုအပ်နေသေးသည်။ချူးရွှမ်က အာရုံစိုက်မှုအပြည့်နဲ့ မျက်မှောင်ကုပ်ကာ ဆော့ကစားနေပုံကို လင်းယန့်ချန်အလွန်သဘောကျသည်။

ဒါကသေလောက်အောင်ဆွဲဆောင်မှုရှိတာကိုး။

ဘယ်လိုဖြစ်ပါစေ။ဒီကစားနည်းက အပန်းဖြေဖို့အတွက်သာ ကစားနေကြတာပင်။
ချူးရွှမ်သည် စိတ်သက်သာရစွာ သက်ပြင်း ရှူထုတ်လိုက်ရင်း ဘောလုံးကို ထိုးလိုက်ကာ ကျူတံကိုကိုင်ထားရင်းဖြင့် လင်းယန့်ချန်နှင့် အနည်းငယ် စကားစမြည်ပြောလိုက်သည်။

လင်းယန့်ချန်က သူ့ကိုချီးကျူးလိုက်သည်။

"ခင်ဗျား ကောင်းကောင်းကစားနိုင်သားပဲ ကျွန်တော်တောင် မနိုင်ဘူး"

"ဒါက သာမန်ပါပဲ" ချူးရွှမ်တော်ရုံသင့်ရုံ ပြန်ဖြေလိုက်သည်။

ထို့နောက်မှ သူလေးလေးနက်နက်ဖြင့်

"အခု တစ်ကမ္ဘာလုံးမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပျော်ပါးရတာ ဘာမှ ထူးထူးခြားခြားမပြောင်းလဲသွားဘူး။ဖျော်ဖြေမှုတွေကလည်း ဒါတွေပဲ ဘာမှအသစ်အဆန်းမရှိဘူး။
အမှတ်တရပစ္စည်းအရောင်းဆိုင်က ပစ္စည်းတွေရဲ့တံဆိပ်တွေအကုန်လုံးကြည့်လိုက်ရင်"တရုတ်ပြည်ထုတ်"တွေချည်းပဲ။ပြည်တွင်းအွန်လိုင်းဝက်ဘ်ဆိုက်ကနေလည်း ဈေးပေါတဲ့ပစ္စည်းတွေ အလွယ်တကူရှာလို့ရနေတာကို တုံးတုံးအအနဲ့ဒီအမှတ်တရပစ္စည်းဆိုင်တွေမှာ ဈေးကြီးကြီးနဲ့ ဝယ်မနေချင်ပါဘူး....ယုတ်မာတဲ့လူက ဘယ်နေရာဖြစ်ဖြစ် ယုတ်မာနေမှာပဲ သဘာဝတရားက ပြောင်းလဲလို့မရဘူးဆိုတဲ့စကားအတိုင်းပဲ သူတို့က ဒီနည်းနဲ့ ခရီးသွားတွေကို လိမ်စားနေကြတာ"

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now