Chapter 52

2.3K 517 51
                                    

Unicode

Translator : mirae-thu

ချူရွှင့်မှာ ဂနာမငြိမ်ဖြစ်နေရ၏။
ဆရာချူက သူ မနက်ကတည်းက တစ်ခုခု မူမမှန်တာကို သိနေသည်။ အထူးသဖြင့် သူ ထိုဖုန်းပြောပြီးကတည်းကဖြစ်သည်။အရာအားလုံးကို မဆက်စပ်မိခင် သိလိုစိတ်ဖြင့် မေးလိုက်လေသည်။

"အဲ့တာဘယ်သူလဲ? လင်းယန့်ချန်? အာ!"

ချူရွှင့် စဉ်းစားပြီးလိမ္မာပါးနပ်စွာပင်ပြန်ဖြေလိုက်သည်။

"ကျွန်တော့ သူငယ်ချင်းတစ်‌ယောက်ပါ"

သူထပ်ပြီးလိမ်လိုက်ပြန်၏။

"အလုပ်ကိစ္စပါ။ အများကြီး တွေးမနေပါနဲ့အုံး"

ဆရာချူက ပြောလိုက်သည်။

"အိုး! မင်းတို့ အလုပ်နဲ့ပတ်သက်ပြီး ငါနားမလည်တဲ့ကိစ္စတွေများပေမဲ့ ငါထင်တာတော့ မင်းအလုပ်နောက်ကျတော့မှာပဲ။ မင်းအခုထိအလုပ်မသွားသေးဘူးလား?"

ချူရွှင့်:  "!"

ချူရွှင့်သည် သူ့ကုမ္ပဏီလိပ်စာကိုလဲ လင်းယန့်ချန်ကိုပြောပြခဲ့၏။ထို့ကြောင့် လင်းယန့်ချန်က ကုမ္ပဏီကို တိုက်ရိုက်လာမှာကို သူနည်းနည်းစိုးရိမ်နေလေသည်။အကယ်၍ သူ(လင်းယန့်ချန်)လာခဲ့လျှင်ကော သူ(ချူရွှင့်) သူ ဘယ်လိုလုပ်သင့်လဲ?

သူ့မှာ မနက်ခင်းတစ်ခုလုံး သောကများနေရ၏။

သူတို့ အဆက်အသွယ်ရပြီးသည့်နောက်မှာ ချူရွှင့်ဟာ သူ့ကို မက်ဆေ့ပို့၍ အခြားsocial Mediaတွေမှာလည်း add ခဲ့လေသည်။

လင်းယန့်ချန်သည်လည်း သူ့ကိုစာပြန်ပို့လာ၏။

လင်းယန့်ချန် : {ကျွန်တော်အမြန်ရထားစီးပြီးလာခဲ့မယ်။ ကျွန်တော် လက်မှတ်လဲဝယ်ပြီးသွားပြီ}

ချူရွှင့် : {လမ်းမှာ ဂရုစိုက်အုံးနော်။ အလျင်စလိုမလုပ်နဲ့}

လင်းယန့်ချန် : {ကျွန်တော်အခု ရထားပေါ်ရောက်နေပြီ။ Y Cityကို ရောက်ဖို့ ၆နာရီနဲ့ မိနစ်၄၀လောက် စီးရတယ်တဲ့။ အရမ်းနောက်မကျဖို့ပဲ ကျွန်တော်မျှော်လင့်ပါတယ်}

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Kde žijí příběhy. Začni objevovat