Chapter 9

3.5K 626 33
                                    

Unicode

Translator : oink_oink_95

Edited by Malmoree

မနေ့ညတုန်းက ကားထဲတွင် အလွန်အကျူး နှီးနှောခဲ့ ကြပြီးနောက် ချူးရွှမ်သည် လုံးဝနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားပြီး နေ့လည်ခင်းမှသာ နိုးလာခဲ့လေသည်။

အဖြစ်အပျက်ကို သေချာစွာပြန်လည်ဆင်ခြင်ရင်း ချင့်ချိန်နေရင်း နှင့်ပင် သူသင်ခန်းစာကောင်းကောင်းရခဲ့သည်။ အနာဂတ်တွင် သူ့ကိုယ်သူ ပို၍ ထိန်းချုပ်ရန်လိုနေလေပြီ။ မထိန်းချုပ်နိုင်လျှင် သူရောဂါနှင့် သေဆုံး ရမည့်အချိန်မတန်ခင်လေးမှာပင် ဒီကောင်စုတ်လေးကြောင့် သေသွားနိုင်သည်။

လိင်မှုကိစ္စအလွန်အကြူး လိုက်စားခြင်းသည် ကြောက်စရာ အကျိုးဆက်များရှိပေ၏။

ချူးရွှမ် နေ့လည် နှစ်ချက်တီးမှ အိပ်ယာထဲမှ ထကာ ရေမိုးချိုး သပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီးကာမှ ရှောင်လင်း သည်အိပ်ယာထဲတွင် ရှိနေသေးသည် ကို သတိပြုမိသည်။ ရှောင်လင်း၏ စောင်ကို ဖယ်ချလိုက်ပြီး တင်ပါးတုံးလေးတွေကို ရိုက်လိုက်သည်။

လင်းယန့်ချန်သည် မျက်လုံးများကို ပိုမိုတင်းကြပ်စွာပိတ်လိုက်ပြီး မကျေမနပ်ဗလုံးဗထွေးအသံထွက်ပြောဆိုကာ ဖက်လုံးကို မလွှတ်စတမ်းပွေ့ဖက်ထားလေသည်။

တော်တော်လေးချစ်စရာကောင်းတာပဲ ဟု ချူးရွှမ်တွေးမိသွားပါ၏။

ထို့နောက်မှ လင်းယန့်ချန်သည် အိပ်ချင်မူးတူးကောက်ထလိုက်ပြီး သမ်းဝေကာ ချူးရွှမ် ကိုဆွဲချလိုက်သည်။ အားကုန်သုံးလိုက်သောကြောင့် သူ့မှာ လဲကျတော့မလိုပင်။

ခွေးလေးတစ်ကောင်လိုပင် ချူးရွှမ်ရှေ့မှောက်ဝယ် ချစ်စဖွယ် ပြုမူနေကာ။

"နမ်းရအောင်ပါ"

ပြုံးလိုက်ရင်း ချူးရွှမ်က လင်းယန့်ချန်၏ ပါးစပ်ကို အုပ်လိုက်သည်။

"ဘာနမ်းမှာလဲ?သွားအရင်တိုက်"

လင်းယန့်ချန်က ချူးရွှမ်သူ့ကိုထွက်မသွား ခိုင်းခင် အနှီလူ ၏ လက်ဖဝါးကိုသာ နမ်းလိုက်သည်။

ချစ်ပန်းလေးများဖူးပွင့်ရာ(ဘာသာပြန်)Where stories live. Discover now