Chapter 15 ထင်မြင်ချက်ကောင်း

Start from the beginning
                                    

  ဟေးချန်လည်း ဘာမှဆက်ပြောမနေပဲ သခင်မကြီးဟေး အိပ်ဆောင်သို့သာ တိုက်ရိုက်ဝင်သွားလိုက်သည်။

သူဝင်သွားရင်းပင် အော်ပြောနေလိုက်သည်။
  " အဖွား.. မြန်မြန်.. တယောက်ယောက်ကို အဖွားရဲ့ တံဆိပ်ပေးပြီး နန်းတော်က သမားတော်ကို မြန်မြန်ပင့်ဖို့ပြောလိုက် ! "

  သခင်မကြီးဟေးလည်း အသက်ရွယ်ကြောင့် အိပ်ရေးဆတ်ပြီး ဟေးချန် ဝင်လာထဲက နိုးနေပြီ ဖြစိသည်။ သူမ ကိုယ်ပိုင်အစေခံရဲ့ အငူညီနှင့် ခေါင်းရင်းကို မှီလိုက်ပြီး  သူ့မြေးငယ်ကို ကြည့်လိုက်သည်။

   " မင်းက အိမ်ထောင်သည်ပဲ ဖြစ်နေပြီ ဘာကြောင့် ကြွက်စုတ်လေးတကောင်လို ပြေးလွှားနေသေးတာလဲ ? မင်းရဲ့ အိမ်တော်က ဘယ်သူကများ နေမကောင်းဖြစ်နေလို့လဲ ? နေမကောင်းလွန်းလို့ ငါ့ဆီက တံဆိပ်နဲ့ သမားတော်ခေါ်ဖို့ လိုအပ်ရအောင် ? မင်းရဲ့
မိန်းမလား ? "

  သခင်မကြီးဟေး စိတ်ကောင်းဝင်နေတယ်ဆိုတာ သိသာပါသည်။ အခန်းထဲ  ရိုင်းရိုင်းစိုင်းစိုင်း ဝင်လာတာက လွှဲပြီး သူမက ဟေးချန်က သူမရဲ့ ကိုယ်ပိုင်သိမ်မွေ့တဲ့ပုံလေးနဲ့ စတောင်စလိုက်သေး။

  ဟေးချန်လည်း သူရဲ့မျက်ခုံးနှစ်ဖက်က ပူးကပ်နေပြီး သခင်မကြီးဟေး ထံသို့ ခြေလှမ်းကြီးကြီးဖြင့် တိုးကပ်သွားသည်။ သခင်မကြီးဟေးလည်း ဟေးချန်ရဲ့ ပုံစံကြောင့် အလေးအနက်ာဖြစ်သွားသည်။

" စန်းလန်.. မင်းကို ဘယ်အရာကများ အခုလိုပုံမျိုး ဖြစ်စေတာလဲ ? "

ဟေးချန်လည်း သခင်မကြီးဟေး ဘေးမှာ ဝင်ထိုင်လျက် သူမလက်တဖက်ကို ဆုပ်ကိုင်ထားလိုက်သည်။

   " အဖွား.. စားဖိုဆောင် မှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်.. ပြီးတော့... မရီးလည်း ဒဏ်ရာရသွားတယ်။မြေးတို့ လူတယောက်ယောက်ကို လွှတ်ပြီး နန်းတွင်းသမားတော်ခေါ်သင့်တယ် .. ပြီးတော့ အဲ့ကအတော်ဆုံး သမားတော် .. ခေါင်းဆောင် လဲ့ကို ဖိတ်သင့်တယ် "

  " ဘာ! "

  သခင်မကြီးဟေးလည်း ထိုကိစ္စ ထိုမျှ ကြီးမားမည်ဟု မထင်ထားပေ။ သခင်ကြီးဟေးလည်း စိတ်သောကကြောင့် အနှီ မြေးချွေးမကိုသာ တွေ့ရရန် စိတ်လောနေသည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now