Chapter 13 နားလည်မှုလွဲခြင်း

Start from the beginning
                                    

  " ဟမ်.. မင်းက  သရုပ်ဆောင်တာ ဒီလေညက်တော်မယ်လို့ ငါမထင်ထားမိဘူး။ ချူ းလျန်..
ဒီကိစ္စကို မင်းဘယ်လောက်ကြာကြာ ဖုံးကွယ်ထားနိုင်မလဲ ကြည့်ကြတာပေါ့ ! "

သူပြောလို့ ပြီးတာနဲ့ ဟေးစန်းလန်က ထောင့်တနေရာမှာ ထိုင်၍ မျက်လုံးကို မှိတ်လိုက်ပြီး
ချူ းလျန်ကို သိသိသာသာကြီး လျစ်လျူ ရှုလိုက်သည်။

သူ့ဘေးက လှပသေးသွယ်တဲ့ သူ့ရဲ့ဇနီးဘေူကို လေလိုပဲ သတ်မှတ်လိုက်သည်။

   ချူ းလျန်လည်း သူနဲ့ ဆက်မပြောချင်ပေ။
ဟေးချန်က သိသိသာသာကြီးကို သူ့မအပေါ်
ကြီးမားတဲ့ အညှိးတွေး ထားနေသည်။ သူနဲ့အဆင်ပြေအောင် လုပ်ဖို့ကြိုးစားလိုက်သော်လည်း အခြေနေက တလွှဲပဲဖြစ်နေသည်။ ဘာကြောင့် သူ့ကိုလျစ်လျူ ရှုပြီး အေးအေးဆေးဆေးမနေရမှာလဲ ? သူမလည်း တနေကုန် အိမ်ဆတာ်ကမိန်းမတွေနဲ့ ပြောဆိုနေရ၍ ပင်ပန်းနေ
ပြီလေ။

  ချူ းလျန်လည်း ဆိတ်ဆိတ်သာ နေလိုက်သည် သို့ပေမယ့် ဟေးချန်ရဲ့ နှလုံးသားထဲက
အမျက်ကတော့ ကြီးထွားပြီးရင်း ကြီးထွားဆဲ..

  ဟေးချန် သူရဲ့စိတ်ထဲမှာ နှာခေါင်းရှုံလိုက်သည်။ဟက် ! သူမက ဂရုမစိုက်သလိုလို သရုပ်ဆောင်နေပေမယ့်လည်း သူမရဲ့ နှလုံးသားထဲမှာတော့ ရှောင်ပိုကျင်းက ရှိပြီးသားပဲ!

သူမဘယ်လောက်များ ခံစားချကိတွေ ချုပ်တည်းထားမလဲ ကြည့်ရသေးတာပေါ့ !

အနှေးနဲ့အမြန် ရှောင်ပိုကျင်း သူ့လက်အောက်ထဲ ရောက်လာမှာပဲ။ အဲ့တော့မှ ချူ းလျန် ဘယ်လောက် တည်တည်ငြိမ်ငြိမ် နေနိုင်အုံးမလဲ ကြည့်ရတာပေါ့ !

  ချူ းလျန်ကတော့ သူ့လို လေးလေးနက်နက် တွေးမနေပေ။ သူမ ဒီအလည်လာတဲ့ကိစ္စကြောင့် လုံးဝကို ပင်ပန်းနေပြီ ဖြစ်သည်။ ဝေါယာဉ်ကလည်း လမ်းမကျယ်ကြီးထက် တအိအိသွားနေပြီး ညင်သာယာ လှုပ်ခါနေမှုက
ချူ းလျန်ကို ချော့သိပ်နေသလိုပင် ။

  ဟေးစန်းလန် က သူ့ခေါင်းပေါ် ပစ္စည်းတခုခုတင်ထားသကဲ့သို့ ဖြောင့်မတ်စွာပဲ ထိုင်နေပြီး
မျက်လုံးများက မှိတ်ထားဆဲ ဖြစ်သည်။ ရုတ်တရက် လေးလံသည့် တစုံတရာက သူ့ပုခုံးပေါ်ကို ကျလာပြီး ပုံမှန်အသက်ရှုထုတ်တဲ့ လေတွေက သူ့လည်ပင်းကို ရိုက်ခတ်လာတာကို ခံစားမိလိုက်သည်။သူ ချက်ချင်းကို တောင့်ခဲသွားသည်။ မျက်လုံးများ ဖွင့်လျက် စူးရှသည့်အကြည့်ဖြင့် ကြည့်လိုက်သော် သူ့ပုခုံးကို
အကူညီမဲ့စွာနဲ့ မှီ၍ အိပ်ပျော်နေသည့် ချူ းလျန်ကို တွေ့လိုက်ရသည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now