Chapter 7 {1} သမင်သားစားခြင်း

Start from the beginning
                                    

  " ဘယ်လိုနေလဲ ? "   ချူးလျန် အပြုံးလေးဖြင့်မေးလိုက်သည်။

အစေခံများဟာ ကြက်များ အစာစားသလို တဆတ်ဆတ် ခေါင်းငြိမ့်ပြလာသည်။

ချူးလျန်လည်း သူတို့ဟာ ဒီလောက်နဲ့ မရောင့်ရဲ သေးသည်ကို တွေ့တဲ့အတွက် အခန်းတဖက်မှာ ရှိတဲ့ လိမ္မော်သီးတွေကို ညွှန်ပြပြီး ရှီးယန်ကို    " ရှီးယန် , ဒါတွေအားလုံးကိုလည်း
ထပ်ပြီး သွားလုပ်ခဲ့လိုက် .. ဒီတခါတော့သကြားလျော့ထည့် ။ ငါ အဖွားနဲ့ အမေ့ကိုလည်း ပို့ပေးချင်လို့ ။ ကျန်တာကိုတော့ နင်တို့ပဲ စားလိုက်တော့ "

လိမ္မော်ယိုကို အချိုပွဲ အဖြစ် တည်နိုင်ပြီး သစ်သီးလက်ဖက်ရည်အဖြစ်ပင် နှပ်၍ဖျော်နိုင်သည်။အဲ့တာက ကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းစေပြီး သလိပ်ကိုလည်း ပျော်ဝင်စေသည်။ အနီရောင် စွံပလွန်သီး နှငိ့ တွဲလိုက်ရင်
အသက်ကြီးသောမိန်းမများအတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်သည်။

ရှီးယန် လည်း အခုမှ ဘယ်လိုလုပ်ရမယ် သင်ထားသည့်အတွက် သူမ ကျွမ်းကျင်အောင် နောက်ထပ် အကြိမ်အနည်းငယ် ထပ်လုပ်ချင်သည်။တတိယသခင်မလေးကလည်း ဒီ လိမ္မော်ယိုနဲ့ သူမရဲ့ အရည်အချငိးတွေကို ဟေးအိမ်တော်ကို ပြနိုင်ပြီး အိမ်တော်မှာ ပို၍ မြဲမြံစွာ နေနိုင်မှာ ဖြစ်သည်။

သခင်မကြီး ဟေး ကတော့ ဟေးချန်ကို ပြောစရာများနေသည် ထင်ရသည်။ ၁၁နာရီ ရှိသည်အထိ သူပြန်မလာသေးပေ။

ချူးလျန် သူ့နဲ့အတူ စိတ်အနှာင့်ယှက်ဖြစ်စွာနဲ့
နှစ်ပါးမသွားချင်ပေမယ့်လည်း သူတို့က လက်ထပ်ထားပြီး  ဖြစ်နေတဲ့အတွက်  သူမလည်း လိုက်လျော ညီထွေအောင် ယဉ်ကျေးမှုနှင့် အညီ နေသွားရမည် ဖြစ်သည်။

သူတို့နှစ်ယောက်ဟာ နေ့လည်စာ ကို သူတို့အဆောင်မှာပဲ အတူတူစားဖို့ ပြောထားကြသည်။

စားဖိုဆောင်သို့ လွှတ်၍ သတင်းပါးခိုင်းလိုက်သော် မိနစ်၂၀ ခန့်ကြာသောအခါ စားဖိုဆောင်က အစေခံများက အစားအစာများကို ယူလာပေးကြသည်။

မင်ယန်လည်း ဟင်းပွဲများကို ကျကျနနပြင်လိုက်ပြီး ချူးလျန်ကို ထမင်းစားရန် တွဲခေါ်ပေးလာသည်။ဟေးချန် အိမ်တော်သခင်မကြီး ၏ အဆောင်ကနေ ပြန် လာတာကြာပြီဖြစ်ပြီး
စာကြည့်ခန်းတွင်သာ နေနေတဲ့အတွက်
အစေခံ ကူ က သတင်းသွားပါး ပေးရသည်။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now