Chapter 1 လက်ထပ်ခြင်း

Start from the beginning
                                    

ချူးလျန် အတွေးနွံထဲ နစ်နေချိန်မှာပဲ အပြင်ဘက်က ခြေသံကိုကြားလိုက်ရတယ်။ ချူးလန်အမြန်ပဲ ပုဝါကို ပြန်ချပြီး ကိုယ်အနေအထားကို ပြင်လိုက်တယ်။

ယောက်ယက်ခပ်စွာနဲ့ လာနေတဲ့အစေခံဖုရန်က "ခြောက်ယောက်မြောက်သခင်မလေး . .မင်္ဂလာပွဲ တက်ရောက်တဲ့သူတေနဲ့ သခင်လေး ရောက်နေပါပြီ"

အခြားအစေခံ ရှီရန်က ချူးလျန် ထရပ်နိုင်ရန် ဝတ်ရုံကိုကူမပြီး တွဲကိုင်ပေးလိုက်သည်။

ချူးလျန်ရဲ့ နှလုံးသားလေးကလည်း စိတ်လှုပ်ရှားမှုကြောင့် လည်ချောင်းကနေ ခုန်ထွက်မတက်ဖြစ်နေခဲ့တယ်။ တိတ်ဆိတ်နေတဲ့ အခန်းလေးကလည်း ကောင်းချီးပေးသံ အော်ဟစ်သံတွေနဲ့ ပြည့်နက်သွားခဲ့တယ်။

" စန်းလန် *3 မြန်မြန် ငါတို့ရဲ့ ယောင်းမလေး ဘယ်လိုလှလဲကြည့်ရအောင် ခြုံ လွှာကို မလိုက်"
"မှန်တယ်ဟေ့ ဟေးစန်းလန် ငါတို့မစောင့်နိုင်တော့ဘူး"

လူအုပ်ထဲကတယောက်က ရွှေရောင်အချောင်းလေးကို အစေခံဆီကနေ ဟေးမိသားစုရဲ့တတိယသခင်လေးကို ကမ်းပေးတယ်

"တတိယသခင်လေး ပုဝါကို မလိုက်တော့ သခင်လေးရဲ့ ဆန္ဒတွေပြည့်ဝပါစေ !"

အားလုံးဟာလည်း ကုတင်ပေါ်ထိုင်နေတဲ့ ချူးလျန်ဆီအကြည့်ရောက်နေကြတယ်။ သူတို့ဟေးမိသားစု ဝင် ဖြစ်လာတော့မယ် သူက ဘယ်လိုပုံရှိမလဲ သိချင်နေကြတယ်။

ပုဝါအောက်ခြေကနေ အနီရောင် ဝတ်ရုံရှည်ဖုံးနေတဲ့ အနက်ရောင်ဖိနပ်တစုံကိုတွေ့နေရတယ်။ ပုဝါ လှန်လိုက်ချိန်မှာတော့ ချူးလျန် နေရောင်ကြောင့် မျက်လုံးစူး သွားတဲ့အတွက် သူမရဲ့ ယောကျာ်းလေးကို ခဏပဲ ကြည့်လိုက်ရပြီး ပြန်ငုံ့ လိုက်ရတယ်။အယ်မွန်ပုံ မျက်လုံး အနီရောင်နှုတ်ခမ်း ပန်းရောင်ပါးပြင်  သူမရဲ့ပုံစံလေးက နှစ်လိုဖွယ်နဲ့ ချစ်စရာကောင်းနေခဲ့တယ်။

ဒုတိယသခင်လေးက " စန်းလန် ကံကောင်းလိုက်တဲ့ အမှိုက်လေး! " သူ၏ ညီလေးကိုပြောနေပေမယ့်လည်း ချူးလျန်ကို သူရဲ့ ခယ်မအဖြစ် အပြည့်ဝ အသိမှတ်ပြုကြောင်းပြနေခဲ့တယ်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now