Zawgyi
နောက်သုံးရက်ကြာတော့ Wu စစ်တပ်ဟာ ထွက်ခွာသွားပြီ ဖြစ်သည်၊ သူဟာ သူအိမ်မသိအောင် Ah Liကို သေချာမှာခဲ့ပြီး Wu ခံစစ်ဆီ လိုက်သွားသည်၊ ဘာလို့လဲဆိုတော့ သူချစ်သူဟာ စစ်ဗျူဟာ ပေါက်ကြားသွားမှန်းမသိသေးပေ၊ ဒါကြောင့် သူဟာ အလျင်မှီလိုက်သွားခဲ့သည်၊
ထိုနောက် စစ်သူကြီးတဲထဲကို ရန်သူစစ်ဗျူဟာနဲ့ သူတို့ဗျူဟာပေါက်ကြားသွားတဲ့သတင်းအပြင် နောက်ထပ်စစ်ဗျူဟာအသစ်ကိုပါရေးဆွဲထားပြီး တဲထဲကို မြားနဲ့ပစ်လိုက်သည်၊
Li Shengတို့က ဆွေးနွေးနေဆဲမှာ သူဘေးက မြားတစ်ချောင်း ဝင်လာတာကြောင့် မင်းသားတွေ အကုန်လန့်ဖြန့်ကာ မြားလာရာ နဲ့ မြားကို ကြည့်လိုက်သည်၊ မြားဖြူပေါ်တွင် စာလိပ်အချို့တွေ့လိုက်တာကြောင့်
Ting Caoဟာ ယူကာ ဖွင့်ဖတ်ကြည့်လိုက်တော့ သူမျက်နှာတွင် အံ့အောမှု ဒေါသထွက်မှုများ ဖြတ်သန်းသွားသည်၊
"အစ်ကို ၁ ဘာရေးထားလို့လဲ"
"ဟက်...ငါတို့ ဗျူဟာသတင်းက ပေါက်ကြားသွားပြီပြောတယ် ပြီးတော့ တဖက် ရန်သူရဲ့ စစ်ဗျူဟာ နဲ့ နောက်ထပ် ဗျူဟာ တမျိုးပါ ရေးဆွဲထားတဲ့စာလိပ်ပဲ " Ting Caoဟာ စာလိပ်တွေကို သူညီအစ်ကိုတွေဆီကို ပစ်ပေးလိုက်သည်၊ ပြီးတော့ အဖြူရောင် မြားလေးကို ကြည့်နေမိသည်၊ ဒီမြားကို ရင်းနှီးသလိုပဲ၊ Ting Caoက မြားကို အနီးကပ် ယူကြည့်လိုက်တော့ သူကိုယ်တိုင် Wenလေးကို ပေးထားတဲ့ မြားမှန်း သိသွားသည်၊သူစိတ်ထဲတွင် အတွင်းမြောက်မြားစွာ တွေးတောပြီး ပဟေဠိလိုဖြစ်နေသည်၊ Wenလေးက ဘာကြောင့် ကူညီတာလဲ၊ ဒါဆို Wenလေးက ရန်သူကို သိနေတာပေါ့ အတွေးရန်သူက ဘယ်သူလဲ...Ting Caoက Wenလေးပေါ် ယုံကြည်မှုအပြည့်ရှိတယ်၊ ဒါကြောင့် ဒီစစ်ဗျူယာက Wenလေးကို ပို့တာဆို သူက ဒီအတိုင်းပဲ သွားရုံပဲ၊
Li Shengဟာ စာလိပ်ထဲကနေ သူချစ်သူရဲ့ ကြာပန်းရနံ့ကို ရရှိသွားတာကြောင့် သူမျက်နှာတွင် အပြုံးသေးသေးလေးပေါ်လာသည်၊ ရန်သူဆီ စစ်ဗျူဟာ ပေါက်ကြားသွားမှန်း သူချစ်ရသူလေးက သိနေသဖြင့် ဒီအထိက လာရောက် ကူညီပေးတာပဲ၊ ဘယ်လိုတောင် သိတတ်သူလေးလဲ၊
"ပေါက်ကြားတာ မပေါက်ကြားတာ မသိပေမယ့် ဒီလူပို့ပေးလိုက်တဲ့ စစ်ဗျူဟာက အရမ်းကောင်းလွန်းတယ် အားနည်းချက်မရှိဘူး မင်းတို့ကော ဘယ်လိုထင်လဲ ညီအစ်ကိုတို့"လို့ Wu Zao Yuanက မေးလိုက်သည်၊
KAMU SEDANG MEMBACA
Zhao Wen Xuan(System)
RomansaMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...
