Arc. 8.6(Vampire ရဲ့ ကြင်ယာတော်)

14.2K 2K 32
                                    


Zawgyi

သူပစ်လိုက်တဲ့ဓားဟာ သူဆီပြန်မလာတာကြောင့် တဖက်လူရဲ့လက်ထဲမှာဆိုတာ သိလိုက်သည်၊ထိုနောက် တလှမ်းပြီး တလှမ်းအမှောင်ရိပ်ထဲကနေ လျှောက်လာသည့် ခရစ်ချက်စ်ကိုတွေ့လိုက်ရသည်၊
'အဲ့ကောင်ကို သတ်... သူကြောင့် အပြစ်မရှိတဲ့လူသားတွေသေခဲ့ရတယ်...သူသာ နည်းနည်းစုံစမ်းခဲ့မယ်ဆိုရင် မရာဒီရယ်ကြောင့် အပြစ်မဲ့တဲ့ပြည်သူတွေသေမှာမဟုတ်ဘူး ငါ သူကိုမုန်းတယ်!' ခေါင်းထဲရှိ မစ်လ်ရဲ့အသံကြောင့် ကျောက်ဝမ်ရွှမ်သူခေါင်းကိုဖိလိုက်ပြီး 'မဟုတ်ဘူး...သူက ငါ့ချစ်သူ...မသတ်နိုင်ဘူး'

'သတ်.... သတ်... သတ် ငါမုန်းတယ်! သူတို့အကုန်လုံးကို မုန်းတယ်'
မစ်လ်ရဲ့မျက်ဝန်းများဟာ ကြောက်ရွံ့မှုကနေမုန်းတီးခြင်းများပြောင်းလဲသွားကာ သူဆီ လာနေတဲ့ ခရစ်ချက်စ်ကို ကြည့်ပြီး...

"သတ်မယ်... " ငွေရောင်ဓားမြှောင်လေးနှစ်ချောင်းကိုထုတ်ကာ မစ်လ် သူလက်မှာတင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး လျင်မြန်တဲ့အရှိန်နဲ့ ခရစ်ချက်စ်ဆီပြေးဝင်သွားတော့သည်၊

ခရစ်ချက်စ်က သူဆီကိုရန်လိုစွာလာနေတဲ့ တခုခုမှားနေမှန်း သတိထားမိလိုက်သည်၊မစ်လ်ရဲ့မျက်ဝန်းပြာလေးတွေက အရင်လိုတောက်ပမှုများမရှိတော့ပဲ မုန်းတီးခြင်းများနဲ့ပြည့်နှပ်နေသည်၊သူဆီ လာတဲ့ ဓားတွေကို  ခရစ်ချက်စ် ရှောင်လိုက်ပြီး လူသေတစ်ယောက်လို သူကိုရန်လိုနေတဲ့မစ်လ်ကြောင့် သူမှာ ဘာလုပ်ရမလဲမသိဖြစ်နေသည်၊အားသုံးလိုက်ရင်လည်း ထိုလူသားနာကြင်သွားမှာလည်း စိုးရိမ်မိသည်၊တဖက်တွင်လည်း ထိုမုန်းတီးတဲ့မျက်ဝန်းတွေကြောင့် သူရဲ့နှလုံးသားလေးကတဆစ်ဆစ်နာကျင်နေသည်၊ Vampire တကောင်ဖြစ်ရဲ့နဲ့၊ထိုနာကျင်မှုဟာ ပြောပြမတတ်အောင်ပင်၊သူကို ပင်ပန်းစွာလိုက်သတ်ရင်း မုန်းတီးစွာကြည့်နေသောမျက်ဝန်းများဟာလည်းမျက်ရည်များနဲ့ပြည့်နှပ်နေပြီး အရူးတစ်ယောက်လို ပတ်ရမ်းနေတာ မြင်တော့ ခရစ်ချက်စ်စိတ်မကောင်းဖြစ်မိပြန်သည်၊ သူအထီးကျန်စွာနေခဲ့ပြီးပြီ...သူနှစ်ပေါင်းများစွာ စောင့်မျှော်နေတဲ့ချစ်သူလေးဟာ သူကိုမုန်းတီးနေခဲ့သည်၊ရှင်သန်လို့ကော ဘာထူးမှာလဲ.... ခရစ်ချက်စ် ရပ်လိုက်ပြီး မစ်လ်ကို ကြည့်ကာ....

Zhao Wen Xuan(System)Where stories live. Discover now