Arc.9.4(My wife doesn't love me)

13.1K 2K 96
                                    


Zawgyi

ပိုင်ရန်ရှင်း မနက်စာ စားရန် အောက်ထပ်ကိုဆင်းလာတော့ မနက်စာပြင်ဆင်ပေးနေသည့် မုရှင်းရုံကို တွေ့လိုက်တာကြောင့် မျက်နှာတစ်ချက်မဲ့သွားပြီး ပြောင်တင်းတင်းပဲ မနက်စာပြင်ဆင်ထားသည့် ခုံမှာ ဝင်ထိုင်ကာ...မနက်စာလာချနေသည့် အစေခံအား

"ကော်ဖီ နဲ့ Greentea ကိတ် ချပေး"လို့ ပြောလိုက်တော့ အစေခံမလေးဟာ အင်းအဲ မလုပ်ဘဲ မုရှင်းရုံကိုပင် လှမ်းကြည့်လိုက်သေးသည်၊

"ဘာလုပ်နေတာလဲ မနေ့က ကိစ္စကို မမှတ်သေးဘူးလား"လို့ လေသံမာမာနဲ့ပြောလိုက်တော့ အစေခံမလေးဟာ ကြောက်လန့်တကြားခေါင်းညိတ်လိုက်ပြီး ထွက်သွားတော့သည်၊ထိုချိန်မှ မုရှင်းရုံဟာ ရောက်လာကာ ...

"အကိုလီရှန့်မလာခင် မင်းမြန်မြန်ထသွားသင့်တယ် ဟန်ရန်ရှင်း"လို့ မုရှင်းရုံဟာ ပြုံးကာပြောလိုက်ရင်း လက်ဖက်ရည်ခွက်များကို ချနေသည်၊ ပိုင်ရန်ရှင်းဟာ နူတ်ခမ်းများ ကော့ညွှတ်သွားပြီး...

"ငါကလား ဘာလို့လဲ???"

"ရူးချင်ယောင်ဆောင်မနေနဲ့ အကိုလီရှန်က မင်းကိုမြင်မှမမြင်ချင်တာ...ပြီးတော့ သူက ငါ့ချစ်သူလေ"လို့ မုရှင်းရုံဟာ မျက်နှာပြောင်တိုက်ကာပြောလိုက်တော့...

"သြော်... မင်းက တကယ်ထူးဆန်းတာပဲ မုရှင်းရုံ"

"ဘာကို ပြောချင်တာလဲ"

"ကိုယ့်ကိုယ်ကို ကြာကူလီဆိုပြီး ဂုဏ်ယူစွာ ဖော်ပြနေလို့လေ"လို့ ပခုံးတွန့်ကာ ပြောလိုက်ပြီးနောက်... တောက်ပစွာ ပြုံးလိုက်ရင်း...ခေါင်းလေးစောင်းကာ

"ငါက ပိုင်ရန်ရှင်းနော်...ဟန်ရန်ရှင်းမဟုတ်ဘူး...ပိုင်လီရှန့်ရဲ့တစ်ဦးတည်းသော လက်ထပ်ထားတဲ့သူ ပိုင်.ရန် .ရှင်း"လို့ ပြောလိုက်ရင်း အစေခံလာချပေးသည့် GreenTea ကိတ်ကို ပျော်ရွှင်စွာ စားသောက်နေရင်း မျက်နှာများနီကာဒေါသထွက်နေသည့် မုရှင်းရုံကို လျစ်လျူရှုလိုက်သည်၊

မုရှင်းရုံဟာ ခုံပေါ်မှာ လက်သီးကျစ်ကျစ်ဆုပ်ထားလိုက်ပြီး ကိတ်စားနေသည့် ပိုင်ရန်ရှင်းကို မျက်မုန်းကျိုးစွာကြည့်လိုက်ပြီး စိတ်ထဲတွင်လည်း...
'အိမ်တော်ထိန်းပြောတော့ လက်ထပ်စာချုပ်အတုကို ဒီကောင့်ဆီပို့ပြီးပြီဆို... ဘာကြောင့်သူ့ပုံစံက ဘာမှမဖြစ်တာလဲ!! 'ထိုကိစ္စကို မေးမြန်းလိုက်ချင်ပေမယ့် ပိုင်လီရှန့် သိသွားမှာ ကြောက်တာကြောင့် ဘာမှဆက်မပြောတော့ပဲ အကိုလီရှန့်အလာကိုသာစောင့်နေလိုက်သည်၊ ထိုင်စားနေလိုက်စမ်းပါ... အကိုလီရှန့် ငါ့အပေါ်အရမ်းဂရုစိုက်၊အရမ်းချစ်တာကိုပြရသေးတာပေါ့...မင်းနဲ့ငါက ဘယ်လိုကွာခြားလဲဆိုတာကို... ။

Zhao Wen Xuan(System)Where stories live. Discover now