Arc.10.5(စစ်သူကြီးပိုင်ကုဖန်း)

11K 1.6K 41
                                    

Zawgyi

"ဟားဟား... စစ်သူကြီးပိုင်ကုဖန်းကို ပိုင်ရင် တစ်လောကလုံး ငါကိုယ်တော်အပိုင်ဖြစ်ပြီလို့ ပညာရှိအမတ်တွေ လျှောက်ထားတုန်းက ငါကိုယ်တော် ဟာသသဖွယ်ရယ်မောမိသေးတယ်... အခု သတင်းတွေနဲ့မျက်မြင်ကိုယ်တွေ့မြင်လိုက်ရတော့... ငါကိုယ်တော်ကပဲ ဟာသဖြစ်နေခဲ့တာပဲ"လို့ မင်ရန်ဟောက်ဟာ ပိုင်စစ်တပ်ရဲ့ထိပ်ဆုံးတွင် မားမားမတ်မတ်ရပ်တည်နေသော ငွေရောင်ပုံရိပ်လေးကို ကြည့်ကာပြောလိုက်တော့...

"ဘုရင်မင်းမြတ်က ကျုပ်အပေါ် အကောင်းမြင်လွန်းတာပါ... ကျုပ်က ထန်တိုင်းပြည်မှာ မွေးဖွားတဲ့သာမန်စစ်သူကြီးတစ်ဦးသာသာပါပဲ ဘုရင်မင်းမြတ်ရဲ့စစ်သူကြီးလောက် မသာလွန်ပါဘူး"လို့ ပိုင်ကုဖန်းဟာ ရိုသေလေးစားစွာပြောလိုက်ရင်း သူ့ကိုယ်သူပါနိမ့်ချပြောကာ စကားထဲတွင်ပင် သူရဲ့ဇာတိမြေကိုပါ ပါဖြစ်အောင်ပြောလိုက်သဖြင့် မင်ရန်ဟောက်ရဲ့ နူတ်ခမ်းများဟာ ခုနကလှောင်ပြုံးများနဲ့ ခြားနားစွာ ကျေနပ်စွာပြုံးလိုက်သည့်အပြုံးများဖြင့်...

'ကျိမ့်ကို ငြင်းပယ်လေလေ ကျိမ့်က ပိုမိုလိုချင်တပ်မက်လေလေပဲ ဘယ်လိုလုပ်ရမလဲ'

"ကောင်းပြီ ငါကိုယ်တော် စစ်သူကြီးပိုင်ကုဖန်းကို အခွင့်အရေး ထပ်ပေးမယ်...ဘယ်လိုလဲ"လို့ မင်ရန်ဟောက်ဟာ မေးလိုက်ချိန်မှာပဲ တစ်ဖက်ပိုင်စစ်တပ်ရှိ... ထိုအမျိုးသားရဲ့ကြည်လင်ပြတ်သားတဲ့အသံလေးဟာ စစ်တပ်နှစ်တပ်လုံးကို ထပ်မံဖုံးအုပ်သွားပြန်သည်၊

"ငြင်းပယ်တယ် ဘုရင်မင်းမြတ် ကျုပ်ကို စည်းရုံးဖို့ မကြိုးစားပါနဲ့"

ဒီတစ်ခါတော့ ဒီထန်စစ်သူကြီး သေပြီပဲ! မင်တိုင်းပြည်ရဲ့ဘုရင်မင်းမြတ်ရဲ့ရက်စက်မှုတွေကို သူတို့သာ ပိုသိသည်၊ နောက်ထပ် အသက်သုံးချောင်းရှိရင်တောင်... ဘုရင်မင်းမြတ်ရဲ့ဒေါသကနေ လွတ်မြောက်မည်မဟုတ်ပေ၊ ဒါပေမယ့် သူတို့ထင်သလို ဘုရင်မင်းမြတ်ဟာ ဒေါသကြီးစွာ ပိုင်စစ်တပ်ကို တိုက်ရန်အမိန့်မပေးဘဲ သဘောကျစွာ ရယ်မောသည့်အသံသာထွက်လာတော့သည်၊ထိုနောက်...

"အင်း... ငါကိုယ်တော်က စစ်သူကြီးပိုင်ကုဖန်းကို အတင်းတမ လက်အောက်ခံခိုင်းတယ်လို့ သတင်းမထွက်စေချင်တာကြောင့် အခွင့်အရေးများစွာ ကမ်းလှမ်းခဲ့ပေမယ့် စစ်သူကြီးပိုင်ကုဖန်းက ငြင်းပယ်နေပြန်ပါလား... ကောင်းပြီ ဒီတစ်ခါကော ဘယ်လိုဆုံးဖြတ်မလဲ ကိုယ်တော်ကြည့်တာပေါ့"လို့ မင်ရန်ဟောက်ဟာ ပြောလိုက်ပြီး သူ့ဘေးက စစ်သည်တော်အား

Zhao Wen Xuan(System)Where stories live. Discover now