Arc.2.8(Fang Wen Jian)

22.9K 2.3K 34
                                    


ကတိတည်တယ်နော်

Zawgyi

Mei YouဟာFang Wen Jianဟာမင်းသားLiSheng ပေါ် ရင်းနှီးစွာ ခေါ်နေသည်ကို မြင်လိုက်တဲ့အပြင် မင်းသားLiShengဟာလည်း သူပေါ်တွင် ပျော်ရွှင်နေသည်ကို ဘယ်သူမဆို မြင်တွေ့ရသည်၊
ပန်းပွဲတော် ပြီးတဲ့နေ့က သူမင်းသားအိမ်ကို အလည်သွားပေမယ့် မင်းသားဟာ သူကို မောင်းထုတ်ခဲ့တယ်၊ဒါပေမယ့် Fang Wen Jianကျတော့ ဘာလို့ ကိုယ်တိုင်ကိုယ်ကျ လာတွေ့တာလဲ၊
Fang Wen Jianက ဘာကောင်းလို့လဲ လူတွေက အခု သူကို အဟောင်းတခုလို ဆက်ဆံနေကျတယ်...

"Mei You....မင်း ငါပြောနေတာ ကြားရဲ့လား..."
'ဘာပဲဖြစ်ဖြစ် Wen Jianက ငါရဲ့ စကားကို နားထောင်ဆဲပဲ ၊ သူကို အသုံးကျပြီး မင်းသားLiSheng ငါ့ကို တမ်းတမ်းစွဲအောင် လုပ်ရမယ်၊ Wen Jianတောင် လုပ်နိုင်သေးတာပဲ'

"မဟုတ်ပါဘူး ငါက အချိုအကြောင်းအရာလေးတွေ တွေးတောနေမိလို့ပါ ပြီးတော့ မင်းသားLiShengလို လူမျိုးကို Mei You အခုလို လူချင်း အနီးကပ်မြင်တွေ့ရတာ Mei Youရင်ထဲ အနိုင်းမဲ့ပျော်ရွှင်မိပါတယ်"လို့ ပြောတာ ဂါဝရပြု နူတ်ဆက်လိုက်သည်၊
"အေး... မင်း ကိစ္စမရှိရင်လည်း ပန်ဝမ်တို့ကို ခွင့်ပြုအုန်း"
Li Shengဟာ Mei Youကိုသဘောမကျပေ၊ သူ မျက်စိထဲတွင်Lan Mei Youက သူတိုကြားက ပျော်ရွှင်မှုကို နှောင့်ယှက်ပေးနေသူလို့သာ မြင်သည်၊ ဒါအပြင် Wu Li Sheng ဟာ သူကို ပန်းပွဲတော်မှာ ပန်းကုံး စွတ်ပေးမဲ့Lan Mei Youကို လုံးဝပင် မမှတ်မိပေ၊

Fang Wen Jianလည်း Lan Mei Youကို နွေးထွေးစွာ ပြုံးပြရင်း
"မင်းရဲ့ လာရင်း ကိစ္စ ပျော်ရွှင်ပါစေနော်..."
"ခဏ! Wen Jian.... မင်း.... မင်း....ဟိုဆေး...သောက်တုန်း...က တခုခု ဖြစ်သေးလား...."
"အမ်....အင်း........ဖြစ်သေးတယ်...ဥပမာ အနီစက် ပေါက်တာမျိုးလေ...."
Lan Mei You မျက်နှာတခုလုံး ဝင်းပပျော်ရွှင်သွားပြီး
"နင် ပျောက်ကင်းအောင် ဘယ်လို လုပ်ရမလဲ သိလား"
"မသိဘူး... သူဘာသာ သူ ပျောက်သွားတာပဲ"
[Sky:မင်း ဆေးတမျိုးမျိုးပေးလိုက်ရမှာ...ပိုပြီး ပျံ့နှံ့တဲ့ဆေး ]
'....'မင်း နတ်သူငယ်ကော ဟုတ်ရဲ့လား မင်း နတ်ဆိုးမလား မင်းဟန်ဆောင်ထားတာမလား sky

"သြော်...သိပြီ မင်းသားLiShengဒါဆိုMei Youကို သွားခွင့်ပြုပါအုန်း"
မင်းသားLiShengဟာ သူကို အဖက်မလုပ်တာကြောင့် စိတ်ထဲတွင် မကျေနပ်ဖြစ်သွားပေမယ့် Wen Jianရဲ့ဆေးကြောင့် သူဟာ သည်းခံလိုက်သည်၊ ငါ ခန္ဓာကိုယ် ပေါ်က အနီစက်တွင် ပျောက်ကင်းသွားရင် ငါက ဒီနိုင်ငံရဲ့ အလှဂေး ဂုဏ်ကို ပြုရလိမ့်မယ် အဲ့ချိန်ကျရင် မင်းသားတွေဟာ ငါ့ကို ရူးရူးမူးမူး ဖြစ်စေရမယ်

Zhao Wen Xuan(System)Where stories live. Discover now