Arc-10-End (စစ်သူကြီးပိုင်ကုဖန်း)

10K 1.3K 66
                                    

Zawgyi

အမတ်ကြီးလင်ဟာလည်း ထိုစကားကြောင့် ခေါင်းအကြိမ်ကြိမ်ညိတ်ကာ

"ဟုတ်တယ် ဒီအမတ်ရဲ့သမီးငယ်က ဘယ်သန်တစ်ယောက်ပဲ... မိဖုရားပိုင် ကျေးဇူးပြုပြီး တရားမျှတစွာ ဖြေရှင်းပေးပါ" လို့ တောင်းဆိုတော့သည်၊ဒါပေမယ့် ပိုင်အန်းယုကတော့ ဂရုမစိုက်သည့်ပုံစံဖြင့်သာ နေရင်း သူမဟာ နောက်စာလိပ်တစ်လိပ်ကို ထုတ်လိုက်ကာ

"ဒီစာလိပ်က မနေ့ညကမှ တျန့်ဘက်ကို ပို့ဖို့ကြိုးစားနေတဲ့ ဒီခိုရဲ့ခြေထောက်ကနေ တွေ့တာပဲ... အရှင် ကျေးဇူးပြုပြီး အနံ့ခွဲခြားသည့်အပိုင်းမှာ ကျွမ်းကျင်တဲ့အမှုထမ်းတွေကို ခေါ်ဆောင်ခွင့်ရမလား" လို့ ပိုင်အန်းယုဟာ မေးလာတော့ မင်ရန်ဟောက်ဟာ ရကြောင်း မိန့်ဆိုလိုက်သည်၊အသက်ဆယ်ကြိမ်မြောက်ရှူသွင်းသည့်အချိန်အခါကြာပြီးနောက်မှာ ညီလာခံထဲကို သမားတော်အကူဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးအချို့နဲ့အမျိုးသားအချို့ဝင်ရောက်လာတော့သည်၊ ထိုအခါမှ ပိုင်အန်းယုဟာ ထိုလူတွေကို တချက်ကြည့်ပြီး...

"အမတ်တွေထဲမှာကော ရနံ့ခွဲခြားသည့်အပိုင်းမှာ ကျွမ်းကျင်သူရှိလား" လို့ မေးလိုက်တော့ အမတ်ချုပ်ကြီးရယ်၊ အခြားအမတ် သုံးလေးငါးယောက်ဟာ ရှေ့ထွက်လာတော့သည်၊ ထိုအခါမှာ ပိုင်အန်းယုဟာ ရဲမက်တစ်ယောက်ကို ရေဇလုံယူခိုင်းလိုက်ပြီးနောက်မှာ သူမဟာ နောက်ထပ်စာလိပ်ကို ယူလိုက်ရင်း...

"ဒီစာလိပ်က ဒီထဲကစာတွေကို ပြန်ကူးချထားတဲ့ စာလိပ်ပဲ" လို့ ပြောရင်း မိန်းမစိုးဆီပေးလိုက်သည်၊ထိုနောက် စာလိပ်အစစ်ကို ရေထဲစိမ်ကာ စိမ်ထားသည့်ရေကို ခုနက ရနံ့ခွဲခြားခိုင်းသည့် လူတွေကို ရှူခိုင်းလိုက်သည်၊တအောင့်ကြာလို့ အကုန်လုံးအဆင်သင့်ဖြစ်သည့်ချိန်ခါမှ ပိုင်အန်းယုဟာ သူတို့ကို ဘာရနံ့ရလဲဆိုတာ ချရေးမှတ်ခိုင်းတော့သည်၊

"ရှင်တို့ စာရွက်တွေကို ကျွန်မကိုပေးလို့ရပြီ" လို့ ပြောရင်း ပိုင်အန်းယုဟာ စာရွက်တွေကို ယူကာ... သူမရဲ့နူတ်ခမ်းထောင့်လေးဟာ ကော့ကွေးသွားပုံလေးဟာ လက်ရှိသူမရဲ့ထက်မြက်သည့်ပုံရိပ်လေးကို ပိုမိုသင့်တယ်အောင် လုပ်ပေးလိုက်သလိုပင်၊ဝေ့ချင်းယုဟာလည်း ငေးမောပြီးနောက်မှာ မျက်နှာအနည်းငယ်ရဲသွားပြီး သူမရဲ့အကြည့်တွေကို အခြားကိုပို့လိုက်တော့သည်၊

Zhao Wen Xuan(System)Där berättelser lever. Upptäck nu