Arc-10.21(စစ်သူကြီးပိုင်ကုဖန်း)

10K 1.4K 49
                                        


Zawgyi

မင်ရန်ဟောက် အရောင်ပြန်သန်းလာသည့်ပိုင်ကုဖန်းမျက်နှာလေးကိုကြည့်ပြီး သူ့မှာ သက်ပြင်းချနိုင်ကာ ဘေးနားမှာရပ်နေသည့် ဝေ့ချင်းယုကို ကျေးဇူးတင်သည့်အကြည့်များဖြင့်ကြည့်လာပြီးနောက်မှာ ပိုင်ကုဖန်းလက်ကို လှမ်းကိုင်ရင်း သူရဲ့နူတ်ခမ်းပေါ်တေ့ကာ တချက်နမ်းလိုက်ပြီး...

"သူက အစ်ကိုတော်အတွက် အရေးကြီးတယ် " လို့ ပြောလိုက်​တော့ သူ့ညီမတော်ဆီက... "ချင်းယု သိပါတယ်" လို့ ပြန်ဖြေလာသံကြောင့် သူအနည်းငယ်မှင်သက်သွားတာ အမှန်ပေ၊

'ချင်းယုအတွက်လည်း အစ်ကိုတော်နဲ့စစ်သူကြီးပိုင်က အရမ်းအရေးကြီးတဲ့သူတွေပါပဲ' ဝေ့ချင်းယု သူမအစ်ကိုတော်ရဲ့မှင်သက်သွားသည့်မျက်နှာတော်ကို တချက်သာကြည့်ပြီး ပြုံးပြကာ...

"ချင်းယုက ငယ်ငယ်ထဲက အစ်ကိုတော့်နားမှာ ကြီးပြင်းလာတဲ့ညီမတစ်ယောက်ပဲလေ... ဒါကြောင့် စစ်သူကြီးပိုင်အပေါ် အစ်ကိုတော် အလေးထားကြောင်း ချင်းယုသတိထားမိတာပေါ့" လို့ ပြောလိုက်တော့ သူမအစ်ကိုဟာ ပြုံးလာပြီး

"တကယ်ကို ကျေးဇူးတင်ပါတယ် ချင်းယု" ပြောလာသည့်အခါမှာ သူမတချက်ပြုံးကာ သူမအစ်ကိုတော်တို့ကို ကျောခိုင်းမိလိုက်သည်၊သူမရဲ့ပါးပေါ်မှာကို မျက်ရည်တစ်စက်ဟာ ဆင်းသက်လာ​တော့သည်၊သူမ ပျော်လွန်းလို့ မျက်ရည်ကျမိချင်းဖြစ်သည်၊

သူမကို အခွင့်အရေးပေးတဲ့ဘုရားသခင်ကို ရင်ထဲနှလုံးသားထဲကနေ တကယ်ကိုကျေးဇူးတင်မိသည်၊သူမ အရင်ဘဝက ဘဝတစ်လျှောက်လုံး သူမအစ်ကိုတော်ရဲ့ဂရုစိုက်မှုကို ရရှိခဲ့ဖို့ ဘယ်အရာမဆိုပေးဆပ်ခဲ့ပေမယ့် သူမအစ်ကိုတော်ရဲ့အေးစက်စက်မျက်ဝန်းများကိုသာ ခံရပြီး အရှုပ်ထုပ်တစ်ယောက်လိုခံစားခဲ့ရသည်၊ သူမဟာ သူမအစ်ကိုတော်အတွက် အသုံးဝင်ချင်သည်၊တစ်ကြိမ်တစ်ခါလေး အသုံးဝင်မည်ဆိုလည်း တကယ်သေပျော်ပါပြီ၊

အခု သူမပြန်လည်မွေးဖွားပြီးနောက် သူမတကယ်ပဲ အသုံးဝင်လာသလို ခံစားနေရပြီ... ၊သူမအစ်ကိုတော်ဟာ အရင်ဘဝကလို အာဏာအတွက်ရူးမိုက်မနေတော့ဘဲ ဖန်းအာကို ပေါ်ပေါ်ထင်ထင်ရွေးချယ်လိုက်ပြီပဲ... ၊

Zhao Wen Xuan(System)Où les histoires vivent. Découvrez maintenant