Arc-12.9(Little lover)

3.6K 541 18
                                    

Zawgyi

ဝမ်ချင်ရှန်ဟာ အကြီးအကဲနဲ့စကားပြောဆိုပြီးနောက်မှာ ဆေးဝါးရှာဖွေရေးအဖွဲ့တစ်ဖွဲ့ကိုပါ ဦးဆောင်ခွင့်ရရှိပြီး ခွင့်ပြုချက် အပြည့်အဝလည်း ရရှိထားသည်၊

သူတို့ဟာ ကျစ်ယန်မျိုးနွယ်ရဲ့တောင်ဘက် တောအုပ်ကြီးကို ဝင်ရလိမ့်မည်၊မန်မျိုးနွယ်တွေဟာ ဆေးပင်ရှာဖွေတဲ့နေရာမှာလည်း ထူးချွန်လှတာကြောင့် သူတို့လိုချင်တဲ့ဆေးပင်တွေကို အာရုံခံစားနိုင်သည်၊

အကြီးအကဲဟာ ဝမ်ချင်ရှန်တို့ ဆေးမြစ်ရှာဖွေရေးအဖွဲ့နဲ့အတူ ကာကွယ်စောင့်ရှောက်ပေးမည့်စစ်သားတွေကိုပါထည့်ပေးလိုက်သည်၊သူတို့တာဝန်ဟာ ဝမ်ချင်ရှန်တို့ အထိအခိုက်မရှိဘဲ ပြန်ရောက်လာတဲ့အထိ ကာကွယ်ပေးရမည်ဖြစ်သည်၊

ဝမ်ချင်ရှန်ဟာ တောအုပ်ထဲကို စဝင်လာသည်နဲ့ သူဟာ သတိအပြည့်အဝနဲ့နေနေတော့သည်၊သူတို့ဟာ ကျစ်ယန်မျိုးနွယ်ကာကွယ်မပေးထားသည့်နယ်မြေဆီကို ခြေချလိုက်ပြီးပြီဖြစ်ပြီး မှတ်ဥာဏ်တွေအရ ဂြိုလ်သားလို ထူးဆန်းလှတဲ့သားရဲတွေဟာ တောအုပ်ကြီးတွေမှာ ကျက်စားကာ မျိုးနွယ်စုတွေကို သတ်ဖြတ်တတ်သည်၊

သူတို့ဟာ လမ်းတစ်လျှောက် ရှားပါးလှတဲ့ဆေးပင်များကိုတွေ့ခဲ့ပေမယ့် ဝမ်ချင်ရှန်ဟာ မခူးမိစေရန် သတိပေးထားရသည်၊ထိုဂြိုလ်သားသားရဲတွေဟာ တောအုပ်နဲ့တသားတည်းဖြစ်နေတာကြောင့် တောအုပ်ထဲက သက်ရှိသေဆုံးသွားသည်နဲ့ သတိထားမိသွားလိမ့်မယ်၊ သူတို့ဟာ အခွင့်အရေးဟာ တစ်ကြိမ်သာရှိသည်၊

"ငါတို့ ပန်းတိုင်က နေရှိန်ရောင်အဆိပ်ကို ကုသဖို့ အန်းခနီပန်းကိုရှာဖွေရမှာ... မလိုလားတဲ့ပြဿနာတွေ မဖိတ်ခေါ်မိစေနဲ့"

ဝမ်ချင်ရှန်စကားကြောင့် ကျစ်ယန်မျိုးနွယ်ရဲ့ဆေးရှာဖွေသူတစ်ချို့ ခေါင်းညိတ်လက်ခံလိုက်သည်၊သူတို့ဟာလည်း နားလည်လှသည်၊ကုသသူတစ်ချို့ကလည်း လက်ရှိအခြေအနေဟာ ဘယ်လောက်အရေးကြီးလည်း နားလည်တာကြောင့် ငြိမ်သက်နေပြီး အသက်ပင် ရဲရဲမရှူနိုင်ပေ၊သူတို့ဟာ တည်ငြိမ်လှပြီး အာရုံစူးစိုက်မှုအပြည့်ရှိတဲ့ဝမ်ချင်ရှန်ကို အလွန်လေးစားမိသွားသည်၊

Zhao Wen Xuan(System)Where stories live. Discover now