Arc-11.4(Hyung...I love you)

9.3K 1.3K 89
                                    

Zawgyi

လီထယ်ယွန်းတို့ ကျောင်းဆေးခန်းကို ရောက်လာတော့ ဆရာဝန်မရှိတာကြောင့် လီထယ်ယွန်းနဲ့ ကင်ဆောင်းဟိုဟာ ပတ်မင်ဆော့ကို လူနာကုတင်ပေါ်တင်ပေးလိုက်သည်၊ထိုနောက် လီထယ်ယွန်းဟာ ကင်ဆောင်းဟိုဘက်လှည့်ကာ

"ဆောင်းဟို...မင်းကို ဒုက္ခပေးမိပြန်ပြီ " လို့ ပြောလိုက်တော့ ကင်ဆောင်းဟိုဟာ လီထယ်ယွန်းကို ကြည့်ရင်း

"ရပါတယ်... ဒါအသေးအမွှားလေးပါကွာ"လို့ ပြန်ပြောလိုက်တော့ လီထယ်ယွန်းရဲ့ပါးလေးတွေဟာ နီရဲနေပြီး သူရဲ့လက်ချောင်းလေးကို နားထင်ကို ကုတ်သလိုမျိုးလေး လုပ်နေရင်း...

"မင်း ဒီနေ့ အရမ်းကြည့်ကောင်းတာပဲ ဆောင်းဟို" လို့ လီထယ်ယွန်းဟာ သူအရင်ပြောနေကျစကားကို ပြောလိုက်သည်၊ဒါအမြဲ ကင်ဆောင်းဟိုကို လီထယ်ယွန်းပြောနေကျစကားဖြစ်သည်မလား၊လီထယ်ယွန်းဟာ တည်ငြိမ်ပေမယ့် ကင်ဆောင်းဟိုနဲ့တွေ့ရင် ပြာယာခတ်ကာ ရှက်သည်းဖြာနေသည့်လူပျိုလေးလို ဖြစ်တတ်သည်၊ဒါကြောင့် လက်ရှိလီထယ်ယွန်းဟာလည်း အရင်လီထယ်ယွန်းရဲ့ပုံစံတိုင်း ဟန်ဆောင်နေခြင်းဖြစ်သည်၊

ကင်ဆောင်းဟိုဟာ ပြုံးလိုက်ပြီး လီထယ်ယွန်းရဲ့ခေါင်းကို ပုတ်ရန်ရှိ​သေးသည် ဘေးကနေ ရုတ်တရက်ထအော်လာသည့် လီထယ်ယွန်းရဲ့ညီကြောင့် သူရဲ့လက်များရပ်တန့်သွား​တော့သည်၊

လီထယ်ယွန်းဟာလည်း ပတ်မင်ဆော့ဘက်လှည့်သွားပြီး စိုးရိမ်နေသည့်မျက်နှာလေးဟန်ဆောင်ကာ...

"မင်ဆော့... အဆင်ပြေရဲ့လား မင်းမသက်သာဘူးဆိုရင် အိမ်ကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းလိုက်မယ်လေ" လို့ ပြောလိုက်တော့ ခုနက ခေါင်းမူးတယ်ပြောသည့်သူဟာ ချက်ချင်းမတ်ခနဲထထိုင်လာတော့သည်၊ထိုနောက် သူဟာ လီထယ်ယွန်းရဲ့လက်ကို လှမ်းဆွဲကာ မျက်နှာငယ်လေးဖြင့်...

"Hyung ကျွန်တော်နားမှာ ခဏလေးနေပေးရင် ကျွန်တော်သက်သာလာလိမ့်မယ်"လို့ ပြောလိုက်တော့ လီထယ်ယွန်းရဲ့နူတ်ခမ်းများဟာ မဲ့ချင်သွားတော့သည်၊သူ့စိတ်ထဲမှာ​တော့ ပတ်မင်ဆော့ဟာ သူ့ချစ်သူဆိုတာ သေချာသလောက်ပင်၊ခေါင်းကိုက်တာပဲရှိတယ်...သူ့ကျမှ ကင်ဆောင်းဟိုနဲ့​ဝေး​ဝေး​နေခိုင်း​စေချင်တာ​ကြောင့် ရုတ်တရက် ခေါင်းအောင့်တယ်တဲ့! လိမ်ရင်လည်း အရှက်သိက္ခာရှိရှိလိမ်​လေ...ဘယ်ခေါင်းက အောင့်တာရှိမှာလဲ!

Zhao Wen Xuan(System)Where stories live. Discover now