Arc.5.7(အီသန် ဆီရိမစ်လ်)

18K 2.1K 28
                                    


အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်
စာလုံးပေါင်း မစစ်တာကြောင့် အမှားပါရင် ဖြည့်ဖတ်ပေးပါ

Zawgyi

အီသန်ဟာ သူကို ကိုယ်ထိလက်ရောက် ကျူးကျော်နေသည့် သြမက်အား မကျေမနပ်ကြည့်ကာ ပြန်ဆဲလိုက်ချင်သော်လည်း Skyမျက်နှာကြောင့် စကားလုံးတွေကို ပြန်မျိုချပစ်လိုက်တော့သည်၊
Mission အောင်ဖို့က သြမက်နဲ့ ချစ်သူဖြစ်ဖို့ပဲ ငါစွာလိုက်လို့ စိတ်ကုန်ပြီး mission ကျဆုံးနေအုန်းမယ်၊ Skyကြောင့်လုပ်တာ Skyကြောင့် မြူဆွယ်ရမယ် ၊
'အားတင်းထား ဝမ်ဝမ်!!' အီသန်ဟာ စိတ်ထဲတွင် ကိုယ့်ကိုယ်ကို အားပေးလိုက်ပေမယ့် လက်တွေ့ကျတော့ ခက်ခဲသညိ၊

"ငါကိုယ်တော်ကို မထိနဲ့"

သြမက်ရဲ့ လက်တွေကို တွန်းဖယ်လိုက်ပြီး အီသန်ဟာ ရေကန်ထဲကနေ ထွက်လာခဲ့သည်၊ အဝတ်အစားများ ပြန်ဝတ်ဆင်ကာ၊
'Mission ရှူံးအောင်လုပ်နေတာလား မျက်နှာထားကို ပြုံးပြုံးထားဆဲပါ' အီသန်ဟာ သူကိုယ်သူ အားတင်းပြောရင်း မပြုံးချင် ပြုံးတဲ့ အပြုံးလေးဖြစ်
"သြမက် သင် ကန်ထဲမှာ ဘယ်ချိန်ထိ စိမ်နေအုန်းမှာလဲ လိုက်ခဲ့  သင့်ကို ငါကိုယ်တော်နဲ့အတူ ဒီနားပတ်ဝန်းကျင်ကို လည်ပတ်ဖို့ လိုက်ပြမယ်"

'ချီးပဲ မင်းအသံကို နည်းနည်း နူးညံ့ပြီးပြောပါဟ ဘယ်လိုတောင် အမိန့်သံနဲ့လဲ' အီသန်ဟာ သူကိုယ်သူ ပြန်အပြစ်တင်လိုက်ပြီး သြမက်များ စိတ်ဆိုးမလားဆိုပြီး တချက်ကြည့်လိုက်သည်၊

အီသန်ရဲ့ ဖိတ်ခေါ်မူကြောင့် သြမက်ဟာ ချက်ချင်း ကန်ထဲနေထွက်လာပြီး ရေစိုအဝတ်နဲ့ ဘေးမှာ လာရပ်နေတော့သည်၊သြမက်မျက်နှာ မျောက် အုန်းသီးရောက်ထားသလို မျက်နှာဖြစ်နေသည်၊ ပြီးတော့ သူမှာ အမြှီးရှိနေရင် သခင် ခေါ်လို့ လိုက်ချင်တဲ့ ခွေးအကြီးကြီးလို့ ဖြစ်နေမှာ သေချာသည်၊
'ငါမေ့နေတာပဲ သြမက်ဟာ အီသန် သူကို သတ်ရင်တောင် သေပေးတဲ့အထိ ချစ်တဲ့လူမျိုးဆိုတာ....ငါတယောက်ထဲ စိုးရိမ်ပူပန်နေမိတယ်'

Zhao Wen Xuan(System)Where stories live. Discover now