Arc.5.11(အီသန် ဆီရိမစ်လ်)

17.9K 2.2K 70
                                    



အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်
စာလုံးပေါင်း အမှားပါရင် ပြင်ဖတ်ပေးပါဗျ(ပြန်စစ်ရမှာ ပျင်းလို့ပါ)

Zawgyi

ဘယ်လောက်တောင် ယုံကြည်ချက်ရှိပြီး မောက်မာလိုက်သလဲ၊ကိုင်လန်ဟာ စင်ပေါ်ကို အေးဆေးစွာ တတ်လာတဲ့ အီသန် ဆီရိမစ်လ်အား မျက်မုန်းကျိုးနေသော အကြည့်နဲ့ ကြည့်ကာ...
'တကယ် အကန်ချခံရမှာ ဘယ်သူလဲဆိုတာ ကြည့်ရတာပေါ့ '
ကိုင်လန်ဟာ အီသန် ဆီရိမစ်လ်တွေ ကုသရေးစွမ်းအင်သာ ရှိသည်ဟု ထင်ခြင်းဖြစ်သည်၊ အခြား စွမ်းအင် ရှိလဲ ဘာဖြစ်လဲ အဲ့ရုပ်ဆိုးကောင်မှာ သာမန် တိုက်ခိုက်ရေးမှော်စွမ်းအင်ပဲ ရှိမှာ၊သူမှာ ရတနာပစ္စည်းလည်းရှိတဲ့အပြင် ဒီကမ္ဘာကလူတွေထက် သူဥာဏ်ရည်ဟာ ပိုမိုထက်မြက်ကြောင်း သူကိုယ်သူ ယုံကြည်မှုရှိသည်၊

" အီသန် ဆီရိမစ်လ် မင်းကို ငါ အခွင့်အရေးပေးမယ် ကြည်ကြည်ဖြူဖြူ ခေါင်းဆောင်နေရာကနေ ဖယ်ပေးမလား အခြားလမ်းရွေးမလား"
ကိုင်လန်ရဲ့အသံဟာ ယုံကြည်မှုအပြည့်နဲ့ရှိနေပြီး သူဟာ အီသန်အား အထင်သေးတဲ့ပုံစံမျိုးနဲ့ကြည့်ကာ လေးစားမှုတစက်မှ မရှိတဲ့အပြင် ရွေးတောင် ရွေးချယ်ခိုင်းလိုက်သေးသည်၊

အီသန် ဆီရိမစ်လ်ဟာ သူပြောတာကို ကြားတောင် မကြားပေ၊ အီသန်ဟာ တစုံတယောက်ကို ရှာဖွေနေတော့သည်၊အီသန်ဟာ တနေရာရောက်တော့ ပျော်ရွှင်သွားပြီး အနားကိုလာရန် လက်လှမ်းပြလိုက်သည်၊ ကိုင်လန်နဲ့တကွ လူအားလုံးလည်း အီသန် ကြည့်ရာကို လိုက်ကြည့်လိုက်တော့ ခေါင်မိုးပေါ်ရှိ အနက်ရောင်နဂါးနက်ကြီးပေါ်မှာ ခန့်ညားစွာတည်ရှိနေသော အမျိုးသားတယောက်၊ သူရဲ့ ခန့်ညားတဲ့မျက်နှာပေါ်တွင် အပြုံးမမည်သော အပြုံးတပွင့်တင်ထားသည်၊ သူဟာ အီသန် လက်လှမ်းပြလိုက်တာ မြင်တော့ နူးညံ့ဘက်ပြောင်းသွားတာ သူနဂါးကို တခုခု ပြောလိုက်သည်၊ နဂါးဟာ တပေအရွယ်ဖြစ်သွားပြီ ထိုအမျိုးသားရဲ့ ပုခုံးထက်တွင် ပျံသန်းကာ အနားယူတော့သည်၊ထိုအမျိုးသားလည်း နေရာပြောင်းမှော်ဖြစ် စင်မြင့်အနီးကို ရောက်လာတော့သည်၊
'သောက်ကျိုးနည်း နေရာပြောင်းမှော်ဆိုတာ ဘယ်လောက် ဈေးကြီးလဲဆိုတာ ဒီလူမသိလေလား.....နည်းနည်းလေး လမ်းလျှောက်လိုက်တော့ ဘာဖြစ်မှာမို့လို့ ခင်ဗျားဟာ အရမ်းကို စမတ်ကျလွန်မနေဘူးလားဟမ်'ဟု အခြားလူတွေဟာ တွေးတောနေတော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now