Arc-11.1(Hyung... I love you)

11.5K 1.4K 101
                                    

Zawgyi

သူတို့ ဘဝနန်းတော်ရောက်တော့ အကြည်ရောင်ကျောက်လက်စွပ်လေးကို Skyဟာ ယူလာပြီး ကျောက်ဝမ်ရွှမ်လက်မှာ ဝတ်ပေးလိုက်တော့ လက်စွပ်ဟာ ချက်ချင်း ငွေရောင်အမှုန်များဖြင့် ပြောင်းလဲသွားကာ လေထဲပျောက်ကွယ်သွားတော့သည်၊ ကျောက်ဝမ်ရွှမ်ဟာ အူအူမျက်နှာထားဖြင့် Skyအားကြည့်လာပြီးနောက်မှာ...

'Sky... ငါ နည်းနည်းတော့ မှတ်မိလာတယ်...သိုက်ဟာက ...'

[Sky:ပိတ်ထားစမ်း မင်းအပေါက်ကို! ] ပြောကိုမပြောချင်တော့ဘူး၊ ဖုန်းဝေ့လျောင်နဲ့ဆက်သွယ်ထားသည့် ကောင်းချီးပေးခံရသည့်ဝိညာဉ်စွမ်းအားတွေ ဇွတ်ယူခဲ့ပြီး အခုဝမ်ဝမ်မှာ ထည့်သွင်းပေးလိုက်​​ပေမယ့် သေးငယ်တဲ့စိတ်ဝိညာဉ်ဟာ ဝမ်ဝမ်ကို ပုံမှန်အတိုင်း ပြန်ဖြစ်ဦးမှာ မဟုတ်ပေ၊ဒါအပြင် လက်ရှိဝမ်ဝမ်ဟာ ရိုင်းစိုင်းရုံသာမက အရမ်းကို တဏှာရူးကျလွန်းလာသည်၊အခုလည်း ကြည့်လေ! သူ့ချစ်သူရဲ့sizeကိုပဲ မှတ်မိတယ်လို့ ပြောချင်နေတဲ့ပုံ!

'...' ကျောက်ဝမ်ရွှမ်ဟာ အသံလေးတိတ်သွားပြီး ရပ်နေရင်း မနေနိုင်စွာ

'ငါတို့ နောက်ကမ္ဘာသွားရအောင်လေ...' လို့ စတင်ပြောလာတော့သည်၊

[Sky:မင်းဘာသာမှ မသင်ယူတော့ဘူးလား...အရမ်း papapa ခံချင်နေတယ်ပေါ့] လို့ အမြင်ကတ်ကတ်နဲ့ပြောလိုက်တော့ အတည်ပေါက်ကြီး ခေါင်းညိတ်လာကာ

'သောက်ရမ်းကို လွမ်းနေပြီ ' လို့ ပြောလိုက်တာကြောင့် sky သူရဲ့နဖူးကို တွေ့ရာတိုင်နဲ့ ပြေးတိုက်ပစ်ချင်စိတ်ပေါက်သွားသည်၊ ဒီတဏှာရူးဝမ်ဝမ်ကို...ငါ ဘယ်လိုထိန်းရမလဲဟ!!!! စိတ်ထဲမှာ သောင်းကျန်းနေပေမယ့် လက်တွေ့မှာတော့ ကျောက်ဝမ်ရွမ်ကို အခြားကမ္ဘာကူးပြောင်းပေးလိုက်တော့သည်....။

တဖက် အမှောင်နန်းတော်ရဲ့ ခမ်းမဆောင်ကြီးထဲမှာ ယောကျာ်းတစ်ဦးဟာ အဘွားအိုအရှေ့မတ်တပ်ရပ်နေသည်၊အဘွားအိုဟာ ထိုယောကျာ်းပေးကမ်းလာသည့် ဝိညာဉ်ဓာတ်လုံးများစွာကိုကြည့်ရင်း သက်ပြင်းချကာ

"မင်း သေချာရဲ့လား စီစဉ်သူရန်"လို့ မေးလိုက်တော့ ထိုယောကျာ်းဟာ ခေါင်းညိတ်လိုက်ပြီး သူရဲ့နီညိုရောင်နူတ်ခမ်းများဟာ ပြုံးတက်သွားပြီး

Zhao Wen Xuan(System)Where stories live. Discover now