Arc.9 End(my wife doesn't love me)

13.7K 1.8K 81
                                    

Zawgyi

ပိုင်ရန်ရှင်း ဧည့်တွေ့ခန်းကိုဝင်လာတဲ့အချိန်မှာ သူ့ကိုလာတွေ့တဲ့သူကို ကြည့်လိုက်တော့ အံ့သြစရာကောင်းလိုက်အောင် မုရှင်းရုံဖြစ်နေသည်၊ မုရှင်းရုံဟာ ခုံပေါ်မှာ အထက်တန်းဆန်စွာထိုင်နေပြီး အစေခံချပေးသည့် ကော်ဖီကိုအေးဆေးလေးသောက်နေပြီး သူလာသည်ကို မြင်တော့ နူတ်ခမ်းများဟာ ပြုံးယောင်သန်းသွားပြီး...ကော်ဖီခွက်ကို ချလိုက်ကာ

"ကျောက်ဝမ်ရွှမ်" လို့ မုရှင်းရုံဟာ ဆိုဖာခုံကိုသက်သောင့်သက်သာမှီလိုက်ပြီး ပြောလိုက်တော့ ပိုင်ရန်ရှင်းရဲ့အမူအရာဟာ အနည်းငယ်ပျက်ယွင်းသွားပေမယ့် ဘာမှမဖြစ်သင့်ပုံစံဖြင့် သူလည်းထိုင်လိုက်ပြီး

"ငါက မင်းအရှူံးပေးသွားပြီထင်နေတာ... တစ်နေရာရာမှာငိုနေပြီး သတ်သေသွားပြီလို့တောင် တွေးမိသေးတယ်"လို့ လှောင်သံစွတ်သံလေးနဲ့ပြောလိုက်တော့ မုရှင်းရုံမျက်နှာဟာ တစ်ချက်နီရဲသွားပေမယ့်...

"အဟက်... ငါ ရှုံးတယ်လို့ မင်းထင်နေလား ကျောက်ဝမ်ရွှမ်"

"မင်းမှာ အဲ့နာမည်ကို ထုတ်ပြောဖို့အရည်အချင်းရှိတယ်ထင်နေလား..."လို့ ပြောလိုက်ပြီး သူ့ဘေးမှာ ပျံဝဲနေသည့် Skyကို တစ်ချက်ကြည့်လိုက်တော့... Sky ဟာ ခေါင်းညိတ်လိုက်ပြီး

[Sky: မုရှင်းရုံကိုယ်ထဲမှာ ဝင်နေတဲ့ Hostက ရူးသွားပြီ၊ သူတို့နယ်မြေမှာ တစ်ခါမှမကျဆုံးဖူးတာကြောင့် မုရှင်းရုံကိုယ်ထဲက Hostက အခြားနတ်ဆိုးတစ်ပါးနဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီ]

'အဲ့တာက ဆိုးဝါးလား'

[Sky: ကိုယ့်ရဲ့ဝိညာဉ်ကို နတ်ဆိုးဆီမှာ အပ်နှံလိုက်တာပဲ ဘယ်တော့မှပြန်ဝင်စားနိုင်မှာ မဟုတ်ဘူး ဒါပေမယ့် ထိုငပိန်းHostက သိမှာမဟုတ်ဘူး]လို့ Skyဟာပြောလိုက်ပြီး အမှောင်များဖုံးလွှမ်းနေပြီး ကြီးမားတဲ့နတ်ဆိုးဝိညာဉ်ဟာ မုရှင်းရုံကိုဝန်းရုံထားတာမြင်တော့ သက်ပြင်းချလိုက်ပြီး

[Sky: အဲ့နတ်ဆိုးက စွမ်းအားမြှင့်လွန်းအားကြီးတယ် သူက မင်းရဲ့ဝိညာဉ်ပါ တစ်ခါထဲခေါ်ဆောင်သွားနိုင်တယ် အကောင်းဆုံးက မင်းစိတ်ထဲကို တိုက်ခိုက်ခွင့်မပေးမိစေနဲ့]လို့ Skyဟာ စိုးရိမ်ပူပန်သောအသံနဲ့ပြောလိုက်သည်၊

Zhao Wen Xuan(System)Where stories live. Discover now