Arc.5.12(အီသန် ဆီရိမစ်လ်)

18.1K 2.2K 63
                                    


အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်
စာလုံးပေါင်း ပြန်မစစ်တာကြောင့် အမှားပါရင် ဖြည့်ဖတ်ပေးပါဗျ

Zawgyi

"မောက်မာလိုက်တာ...ဟက် တကယ့်နတ်ဝိဇ္ဇာအဆင့်ဆိုတာဘာလဲဆိုတာ ပြရတာပေါ့" ထိုလူဟာ စင်ပေါ်ကို တတ်လာပြီး အီသန်အား စိန်ခေါ်တော့သည်၊

ထိုလူဟာလည်း အီသန်လို မိုးကြိုးပင်ဖြစ်သည်၊ဒါကြောင့် ဒီလူ စင်ပေါ်တတ်ရဲတာကိုး အီသန်ဟာ တချက်ပြုံးလိုက်ပြီး ထိုလူရဲ့ တိုက်ခိုက်မှုကို စောင့်နေလိုက်သည်၊ ထိုလူဟာလည်း အီသန်ရဲ့တိုက်ခိုက်မှုကိုစောင့်နေပေမယ့် အီသန်ဟာ သူကိုအရင်မတိုက်ခိုက်တာကို သိလိုက်တော့ မဲ့ပြုံးတချက်ပြုံးကာ

"ငါက မင်းကို ညှာတာမလို့ မင်းက သေချင်မှာတော့..." ကြီးမားတဲ့ ခရမ်းရောင်မိုးကြိုးမျှင်တွေဟာ အီသန်ဆီ အလုံးအရင်းပြေးဝင်လာတော့သည် ပွဲကြည့်ပရိတ်သတ်များကတော့ ထိုခရမ်းရောင်ရဲမိုးကြိုးအရှိန်အဝါကိုပင် ကြောက်ရွံစွာ ခံစားနေရသည်၊ စင်ပေါ်ရှိ အီသန်တော့ သွားပြီလို့တွေးလိုက်ပေမယ့်

အီသန်ဟာ အေးဆေးစွာ သူရဲ့ ရွှေရောင် မိုးကြိုးမျှင်ဒိုင်းနဲ့ ကာလိုက်ပြီး
"ပျော့ညံ့လိုက်တာ...."

သူရဲ့ 70%ထိ မြှင့်တင်ထားတဲ့ မိုးကြိုးကို အီသန်ဟာ အေးဆေး ကာလိုက်တာကို မြင်လိုက်တော့ အန်းသည် သူရဲ့ မှော်ကို အဆုံးထိ မြှင့်တင်လိုက်ကာ....

"မင်း....သေစမ်း!!" မှော်စွမ်းအင်အင်းကွက်အဝိုင်းများ ကောင်းကင်တွေပေါ်လာတာ ကြီးမားတဲ့ ခရမ်းရောင်မိုးကြိုးမျှင်တွေဟာ အရှိန်အဟုန်ပြင်းစွာ အီသန်ပေါ်နဲအီသန် ဝန်းကျင်ကို ကျရောက်လာတော့သည်၊မိုးကြိုးမျှင်တွေဟာ အီသန်ရှောင်ဖို မလွယ်ကူတဲ့အထိ တခုနဲ့တခု အကွာအဝေး သိပ်မခြားပေ၊ ပွဲကြည့်ပရိတ်သတ်များပင် ထိုမိုးကြိးမျှင်တွေရဲ့ ဖိအားကို အဝေးကနေ ခံစားနေရသည်၊အနီးကလူဆို ဘယ်လိုတောင် နေမလဲဆိုပြီးတော့ပေါ့ ကိုင်လန်ဘက်ကလူတွေကော တူနိုင်ငံလူတွေဟာ အီသန်ကို ထိုနေရာမှာတင် သေသွားပါစေလို ဆုတောင်းနေတော့သည်၊အန်းကို လေးစားတဲ့အကြည့်နဲ့ကြည့်ကာ...ဂျက်ဟာ တကယ်လို့ အန်းဟာ ကိုင်လန်ကို လိုချင်ရင် သူဘက်က အလျော့ပေးပြီး ပေးလိုက်မည်ဟုပင် စဉ်းစားနေတော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now